Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ရွှေညဝါဆရာ​တော် ​ကျောင်း​တိုက်က​နေ ဖယ်​ပေး​မည်

ရွှေညဝါဆရာ​တော် ​ကျောင်း​တိုက်က​နေ ဖယ်​ပေး​မည်

Written By kawknyaw on Thursday, January 19, 2012 | 1/19/2012

January 19, 2012 by ရွှေအောင် (ဒီဗွီဘီသတင်းဌာန)
ရွှေညဝါဆရာ ​တော် ဦး​ပညာသီဟက သူသီတင်း​သုံး​နေတဲ့​ သာဓု​ကျောင်း​တိုက်က​နေ ဒီက​နေ့​ကစလို့​ တလအတွင်း​ ထွက်ခွာပါမယ်လို့​ ဝန်ခံကတိပြုလိုက်ပါတယ်။

ဒီက​နေ့​ မွန်း​လွဲပိုင်း​က ရန်ကုန်တိုင်း​ သံဃာ့​မဟာနာယကရုံး​မှာ ပြုလုပ်ခဲ့​တဲ့​ ဆရာ​တော်ကို အ​ရေး​ယူ ​ဆောင်ရွက်ဖို့​ နိုင်ငံ​တော် သံဃာ့​ မဟာနာယကအဖွဲ့​ဝင် ဆရာ​တော်ကြီး​တွေ၊​ သက်ဆိုင်ရာ တာဝန်ရှိသူ​တွေနဲ့​ ​တွေ့​ဆုံအပြီး​မှာ ဆရာ​တော်ရဲ့​ ဝန်ခံ ကတိပြုစာ ထွက်​ပေါ်လာခဲ့​တာ ဖြစ်ပါတယ်။
လာမယ့်​ ​ဖေ​ဖော်ဝါရီ ၁၉ ရက်​နေ့​ ည​နေ ၄ နာရီအချိန် ​နောက်ဆုံး​ထား​ပြီး​ ​ကျောင်း​တိုက်မှ ထွက်ခွာ​ပေး​ပါမည်ဟု ဝန်ခံကတိ ပြုပါသည်လို့​ စာမှာ ပါရှိပါတယ်။
ဆရာ​တော်ကိစ္စ ​တွေ့​ဆုံခဲ့​ကြတဲ့​ ရန်ကုန်တိုင်း​၊​ သံဃာ့​မဟာနယက ရုံး​ရှေ့​မှာ အ​စောပိုင်း​ကတည်း​က အရှင်ဂမ္ဘီရ အပါအဝင် အကျဉ်း​ထောင် အသီး​သီး​က လွတ်​မြောက်လာခဲ့​ကြတဲ့​ ဆရာ​တော်နဲ့​ တပည့်​ ဒကာ ကာမ ​တွေ၊​ သတင်း​ထောက်​တွေ စုစု​ပေါင်း​ လူအင်အား​ ၅၀၀ ​လောက် စု​ဝေး​ရောက်ရှိခဲ့​ကြပြီး​ လုံခြုံ​ရေး​လည်း​ အထူး​ တင်း​တင်း​ကျပ်ကျပ် ချထား​ခဲ့​ပါတယ်။
ဆရာ​တော်ရဲ့​ ဝန်ခံကတိပြုစာ ထွက်​ပေါ်လာပြီး​တဲ့​နောက် ဆရာ​တော်ဟာ သီတင်း​သုံး​တဲ့​ သာဓု​ကျောင်း​တိုက်ကို မွန်း​လွဲ ၃ နာရီ​လောက်မှာ ပြန်လည်​ရောက်ရှိ​နေပြီး​ စု​ဝေး​ခဲ့​ကြတဲ့​ ပရိသတ်​တွေလည်း​ ​အေး​အေး​ ချမ်း​ချမ်း​ရှိတဲ့​အ​ကြောင်း​ ဆရာ​တော်နဲ့​ အတူရှိ​နေတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ​ပြောပါတယ်။
ဆရာ​တော်ဟာ သာဓု​ကျောင်း​တိုက်က​နေ ဖယ်ရရင် ဘယ်မှာ သီတင်း​သုံး​မယ်ဆိုတာ မသိ​သေး​ပါဘူး​။
ပြီး​ခဲ့​တဲ့​ နှစ် စက်တင်ဘာလအတွင်း​ မန္တ​လေး​တိုင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်မှာ ဩဝါဒစကား​ ချီး​မြှင့်​ခဲ့​တဲ့​အ​ပေါ် တရား​မ​ဟောဖို့​ တနှစ် ပိတ်ပင်ထား​ချက်ကို ချိုး​ဖောက်တယ်ဆိုပြီး​ ခုလို အ​ရေး​ယူ ​ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ဆရာ​တော်ကို တရား​မ​ဟောဖို့​ တနှစ်ပိတ်ပင်ချက်ဟာ ​ဖေ​ဖော်ဝါရီ ၁၁ ရက်​နေ့​မှာ ပြည့်​ပါတယ်။
ရွှေညဝါဆရာ ​တော်ဟာ ဒီ​နေ့​မွန်း​လွဲ ၃ နာရီခွဲ​လောက်က သာဓု​ကျောင်း​တိုက်အတွင်း​ တပည့်​သံဃာ၊​ ဒကာ ဒကာမ ၅၀၀ ​လောက်ကို ဩဝါဒစကား​ပြောကြား​ခဲ့​ပါတယ်။ အောက်ပါအသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger