Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ၂၀၁၂မှာ လည်ပတ်ရန်အသင့်ဆုံးတိုင်းပြည် မြန်မာပြည် တတိယချိတ်

၂၀၁၂မှာ လည်ပတ်ရန်အသင့်ဆုံးတိုင်းပြည် မြန်မာပြည် တတိယချိတ်

Written By kawknyaw on Monday, January 9, 2012 | 1/09/2012


 နယူးယောက်တိုင်းမ်စ်သတင်းကောက်နုတ်ချက် ဇန်န၀ါရီ ၉ ၊ ၂၀၁၂ (မိုးမခ သတင်းဌာန)
ဇန်န၀ါရီ ၆ ရက်နေ့စွဲ နယူးယောက်တိုင်းသတင်းစာ၊ ခရီးသွားဆောင်းပါးကဏ္ဍမှာ သတင်းစာအဖွဲ့ရဲ့ အညွှန်းအဖြစ် ၂၀၁၂ အတွင်း လည်ပတ်ရန်သင့်တဲ့ နေရာ ၄၅ နေရာ ထုတ်ပြန်ရာမှာ မြန်မာပြည်က တတိယနေရာချိတ်ပါတယ်။
ပထမ အဖြစ် ပနားမား၊ ဒုတိယက ဖင်လန်နဲ့ တတိယလိုက်သူကတော့ မြန်မာပြည်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်နောက်မှာ နံပါတ် ၄ က လန်ဒန်၊ နံပါတ် ၅
က ကယ်လီဖိုးနီးယား၊ ဆန်ဖရန်ဘေးဧရိယာက ဥက္ကလံမြို့ ဖြစ်တာကို တွေ့ရပါတယ်။
ပနားမားကို သူရဲ့ လှပတဲ့ တူးမြောင်းတွေအတွက် ရွေးတယ်။ ဖင်လန်ပြည်က ဟယ်ဆင်ကီမြို့ကတော့ စားသောက်ဆိုင်တွေနဲ့ မြို့ဒီဇိုင်းကောင်းပုံတွေလို့ ပြောပါတယ်။ မြန်မာပြည်ကတော့ အနှစ်နှစ် အလလက ကမ္ဘာနဲ့အဆက်ပြတ်နေရာကနေ အခုချိန်မှာ ခရီးသွားတွေအတွက် မြေပုံအသစ်ပဲလို့ ရေးသားထားပါတယ်။
နောက်ကလိုက်တဲ့ လန်ဒန်ကိုတော့ အိုလံပစ်မြို့တော်အဖြစ် ပြီးတော့ ဘေးဧရိယာက ဥက္ကလံမြို့ကိုတော့ ပဋိပက္ခတွေကြားထဲက စားသောက်လည်ပတ်ခြေဆန့်စရာမြို့တော်လို့ ပြောထားပါတယ်။ မကြာသေးမီက အမေရိကန်ပြည်သားတွေရဲ့ Occupy Movementတွေအနက် ဥက္ကလံအဓိကရုဏ်းကြောင့် ကျောင်းသားလူငယ်တွေ ဒဏ်ရာရရှိခဲ့တာတွေကို ပဋိပက္ခကြားထဲက လို့ ညွှန်းတာဖြစ်ပါတယ်။
ဓာတ်ပုံက သူတို့ဝက်ဆိုက်က ယူပါတယ်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger