Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ

Written By kawknyaw on Monday, January 23, 2012 | 1/23/2012

Monday, January 23, 2012  Sithu Linn (ဧရာဝတီ သတင်းဌာန)

လင်းသန့်
နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ချမှတ်ခံထားရာက မကြာသေးခင်က အကျဉ်းထောင်က ပြန်လည် လွတ်မြောက် လာသော ယခင် အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေး တဦးဖြစ်သော

ဇွဲနေ၀င်းက ဒေါ်အောင်ဆန်းစုကြည်ကြောင့်သာ နိုင်ငံတကာက မြန်မာကို သိနေခြင်းဖြစ်ကြောင်း ပြောလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျွန်တော်တို့နိုင်ငံမှာ သူကတော့တကယ်တော်တဲ့ ပုဂ္ဂိုလ်ထဲမှာ ပါတာပဲ။ နို့မို့ဆို ကျွန်တော်တို့ နိုင်ငံကို လူတွေ မေ့ချင်မေ့နေမှာ။ ဒေါ်အောင်ဆန်းစုကြည် ရှိနေလို့သာ ကျွန်တော်တို့နိုင်ငံလူတွေသိနေ သေးတာပေါ့”ဟု ဇွဲနေ၀င်းက ပြည်တွင်း 7 Day New ဂျာနယ်နှင့်တွေ့ဆုံခန်းတွင် ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ဦးနေ၀င်းမိသားစုက ပထမဆုံး ထုတ်ဖော် ပြောဆိုခြင်းလည်း ဖြစ်သည်။ ၁၉၈၈ ခုနှစ် မတိုင်မီနှင့် နောက်ပိုင်းကာလများတွင် ဇွဲနေ၀င်း၏ မိခင်ဖြစ်သူ ဒေါ်စန္ဒ၀င်း သည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ အလွန်အညှိုးကြီးသူတဦးအဖြစ် လူအများက ပြောဆိုကြသည်။

သူနှင့် မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်း ပြန်လည်တွေ့ဆုံနိုင်ပြီဖြစ်သော်လည်း အကို ၂ ဦးဖြစ်သည့် ကျော်နေ၀င်း၊ အေးနေ၀င်းတို့လည်း ပြန် လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း ပြောဆိုသည်။

“အမေနဲ့ မတွေ့တာတောက်လျှောက်ပဲ။ ကိုးနှစ်ကျော်၊ ဆယ်နှစ်လောက် ရှိပြီ။ အမေ့ကို စတွေ့ချင်းမှာ သနားတယ်”ဟု သူက ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သော သမ္မတဦးသိန်းစိန်ကိုလည်း ချီးမွမ်းပြောဆိုပြီး နိုင်ငံရေးတွင် ပါဝင်ရန် စိတ်ကူး မရှိသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေကို အားရကြောင်း သူက ပြောဆိုထားသည်။

“သမ္မတကြီးက သူလည်းတော်တယ်။ တပ်မှာကတည်းက အစဉ်အလာနဲ့ လာတဲ့ သူလေ။ သူလည်းတော်တယ်။ တစ် ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ စကားပြောနေပြီဆိုတော့။ ဒါဟာမင်္ဂလာပဲပေါ့။ ကျွန်တော်တို့ နိုင်ငံရေး မှာ မင်္ဂလာတွေ စဖြစ်နေပြီပေါ့။ ဒါကို ဆက်ပြီးသွားနိုင်ဖို့ပဲ။ ဆက်သွားနိုင်ဖို့က အဓိကပဲ။အဲ့ဒါကို ၀ိုင်းလုပ်ရမယ်။ ၀ိုင်းလုပ်ရ မယ် ဆိုတာမှာ သူပါမှ၊ ကိုယ်ပါမှမဟုတ်ဘူး”ဟု သူက ဆိုသည်။

အကျဉ်းထောင်က ပြန်လွတ်မြောက်လာပြီးနောက်ပိုင်း အလားတူ ပြန်လည်လွတ်မြောက်လာသူ ဦးခင်ညွန့်နှင့်လည်း သွားရောက်တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း၊ အကျဉ်းထောင်ထဲတွင် ၁၀ နှစ်ကျော်ဖြတ်သန်းခဲ့စဉ် ဘာသာတရားနှင့် နေထိုင် ဖြတ်သန်းခြင်းသည်အကောင်းဆုံးဟု ပြောဆိုသည်။

“ဘာသာရေးလုပ်ဖြစ်နေတော့ တရားနဲ့ပဲဖြေပါတယ်။ အဲ့ဒါကတော့ အကောင်းဆုံးနည်းပါပဲ”ဟု သူက ဆိုသည်။

ဇွဲနေ၀င်း အပါအ၀င် ဖခင်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့်အတူ မိသားစု ၄ ဦးတို့သည် ၂၀၀၂ ခုနှစ်က တပ်မတော် အစိုးရ ခေါင်းဆောင်များအား ဖမ်းဆီးကာ နိုင်ငံအာဏာသိမ်းရန်ကြံစီသည့် နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ်နှစ်ရှည် ချ မှတ်ခံခဲ့ရသူများဖြစ်သည်။ ထိုစဉ်က မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် အဖိုးဖြစ်သူ အာဏာရှင်ဟောင်း ဦးနေ၀င်းတို့ကို နေ အိမ် အကျယ်ချုပ် ချမှတ်ခဲ့သည်။

နေအိမ်အကျယ်ချုပ်ကျခံနေရစဉ် ဦးနေ၀င်းသည် ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်မြို့ အေဒီလမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ဖြစ် သည်။ ဦးနေ၀င်း၏ ဈာပနကို သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် လူ (၂၅) ယောက်ခန့်သာ လိုက်ပါ ပို့ဆောင်ခဲ့သည်။ မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ရန်ကုန်မြစ်အတွင်း မျှောခဲ့သည်။

ဒေါ် စန္ဒာဝင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တလျှောက် ဒေါ်စန္ဒာဝင်းသည် တပ်တွင်း ဗိုလ်မှုးကြီးရာထူး တာဝန် ထမ်းဆောင် ခဲ့ပြီး အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ဒေါ်စန္ဒ၀င်းနှင့်အတူ သားများကလည်း ရမ်းကားမှုများဖြင့် နံမည်ဆိုးများ ထွက် ပေါ်ခဲ့သည်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger