Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » သရုပ်ဆောင်ရဲတိုက် အန်အယ်လ်ဒီပါတီဝင်မည်

သရုပ်ဆောင်ရဲတိုက် အန်အယ်လ်ဒီပါတီဝင်မည်

Written By kawknyaw on Tuesday, February 14, 2012 | 2/14/2012

သရုပ်ဆောင်ရဲတိုက် အန်အယ်လ်ဒီပါတီဝင်မည် သရုပ်ဆောင်ရဲတိုက်က
အန်အယ်လ်ဒီပါတီကို ၀င်ဖို့ ဆုံးဖြတ်လိုက်ကြောင်း မီဒီယာ ကို ယနေ့ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ အန်အယ်လ်ဒီပါတီ ၀င်ဖို့ဆုံးဖြတ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးYPI က ဆက်သွယ် မေးမြန်းထားတာကို ဖေါ်ပြပေးလိုက်ပါတယ်။



YPI။  ။ကိုရဲတိုက်ကပါတီဝင်မယ်ဆိုတော့ ပါတီဝင်ပြီး NLD ကို ထောက်ခံတာနဲ့ မဝင်ဘဲနဲ့ထောက်ခံတာနဲ့ ဒီတိုင်းဘယ်အရာက ထူးခြားမယ်ထင်လို့ အစ်ကိုဝင်တာလဲ။

ရဲတိုက်။      ။ပထမဦးဆုံးအမေစုပြောတဲ့စကားတစ်ခွန်းကိုသတိရမိပါတယ်။ အနုပညာရှင်တွေလဲ တာဝန်ရှိတယ်လို့ Freedome (Freedom film festival) မှာအမေ ပြောသွားတာ။ အဲ့ဒီတာဝန်ကို ကျွန်တော် အရင် ကျေအောင် ကြိုးစားရင်းနဲ့ ကျန်တာတွေကိုပါ တာဝန်ယူချင်လာတယ်။ အပြင်အနုပညာ ရှင်အနေနဲ့ အားပေးတာထက် ပါတီဝင်ပြီးတော့ အားပေးတာပိုပြီးတော့ အားကိုးရမယ် မျှော်လင့်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် ပါတီဝင်ဖြစ်တာပါ။

YPI။  ။ ရှမ်းပြည်နယ်ဘက်ကိုသွားဖို့ရှိတယ်ဆိုတော့ အောင်နိုင်ရေးတွေအတွက် ကူညီဖို့တွေရှိ လား၊ အခြားဘာတွေ ကူညီဖို့ရှိသေးလဲ။

ရဲတိုက်။      ။ ကျွန်တော်တတ်နိုင်တဲ့ဘက် ၊တတ်နိုင်တဲ့နေရာကနေ အကုန်လုံး ကူညီသွားမှာပါ။ ရှမ်းပြည်နယ်မှ မဟုတ်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားသွား ကျွန်တော်တို့ အနုပညာရှင်တွေကို လိုက်သင့်တယ်၊ လိုက်ခဲ့ဖို့ခေါ်ရင် လိုက်မှာပါ။

YPI။  ။ NLD ပါတီကို အခုလက်ရှိအခြေအနေမျိုးမှာ ဘာလို့ဝင်ချင်စိတ်ပေါက်ရတာလဲ။ အစ်ကို့အနေနဲ့ နိုင်ငံရေးကိုပို စိတ်ဝင်စားလားလို့လား။ ဒါမှမဟုတ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဦးဆောင်မှုကြောင့်လား။

ရဲတိုက်။      ။ နှစ်ခုစလုံး မှန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို အင်မတန်မှ လေးစားမိပါတယ်။ လက်တလောမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေအားလုံးကိုလည်း ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းလည်းဝမ်းသာမိတယ်၊ မုဒိတာလည်းပွားမိပါတယ်၊ ကျေလည်းကျေနပ်မိပါတယ်၊ အားလည်းတက်မိတယ်။

YPI။  ။ အနုပညာရှင်တစ်ယောက်က ပါတီနိုင်ငံရေး လုပ်မယ်ဆိုတော့လေ အဲ့ဒီလုပ်ငန်း နှစ်ခုမှာ ရောထွေးမှု မရှိနိင်ဘူးလား။

ရဲတိုက်။      ။ မရှိနိုင်ပါဘူးလို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အနုပညာနဲ့ ၊ပရဟိတကိုတွဲလုပ်တုန်းကလည်း ရောထွေးမှု မရှိခဲ့ပါဘူး။ အချိန်ပိုင်းခြားပြီး သူအလုပ်နဲ့ သူလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။ နိုင်ငံရေးဆိုတာ တကယ်တော့ ကျွန်တော် ရင်ထဲမှာ ခံယူထားတာက နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေရဲ့ အင်အားကို တောင်းဆိုတဲ့အတွက် ကျွန်တော်က လူငယ်တစ်ယောက်အနေနဲ့ အားဖြည့်ပေးပါဆိုတဲ့ စကားကို ယုံယုံကြည် ကြည်နဲ့ အားဖြည့်ပေးတာပါ။

YPI။  ။ အစ်ကို့ကို နောက်ပိုင်းမှာ နိုင်ငံရေးသမားလို့မြင်စေချင်သလား။ အနုပညာရှင် မင်းသားတစ်ယောက်လို့မြင်စေချင်သလား။

ရဲတိုက်။      ။ ကျွန်တော့်ကို မြန်မာနိုင်ငံသားတစ်ယောက် လိုမြင်ပေးရင်ရပါပြီ။

YPI။  ။ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုတာ တစ်ခုတည်းနဲ့ ဝင်တာလား။ အစ်ကိုရဲ့ ယုံကြည်ချက်ကြောင့်လား။ အစ်ကိုရဲ့ နောက်ဆုံးယုံကြည်ချက်တစ်ခုကို ပြောပြပေးပါ။

ရဲတိုက်။      ။ ကျွန်တော်ရဲ့ ယုံကြည်ချက်ကြောင့်ပါပဲ။


ဓါတ်ပုံ(ရဲတိုက်-ဖေ့စ်ဘုတ်)
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger