Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်ပါမည်လော

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်ပါမည်လော

Written By kawknyaw on Friday, February 3, 2012 | 2/03/2012


၁။ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ၁-၄-၂၀၁၂ ခုမှာ ကျင်းပမည့် ကြားဖြတ် ရွေး ကောက်ပွဲမှာ NLD အောင်နိုင်ရေး၊ မိမိကိုယ်တိုင် ကော့မှူးမဲဆန္ဒနယ်မှာ အောင်ပွဲခံ၊ အနိုင်ရရှိရေး အတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် မအိပ်မနေ ကြိုးပမ်းနေသည့် ဒေါ်အောင်ဆန်းစုကြည်သို့ မြန်မာ နိုင်ငံရေးခရီးမှာ ရင်ဆိုင်ရဖွယ်ရှိ သည့် ပြဿနာများကို ကျနော် လေ့လာမိသလောက် သန့်စင်သော စေတနာဖြင့် တင်ပြလိုပါသည်။
၂။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလို လှုပ်ရှားဆောင်ရွက်လာနိုင်သည့် အခြေခံအကြောင်းရင်းဟာ နေပြည်တော် မှာ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာက
စတင်ဖြစ်ပေါ်လာခဲ့သည်ဆိုလျှင် ငြင်းစရာ မရှိဟု ထင်ပါသည်။
၃။ အဲဒီလို တွေ့ဆုံကြပြီးအပြန်မှာ NLD အမှုဆောင် စည်းဝေးပွဲခေါ်ပြီး “ကျမအနေနဲ့ ဦးသိန်းစိန်ကို ယုံကြည်တယ်။ NLD ပါတီကို မှတ်ပုံပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်။ ကျမကို ထောက်ခံကြပါ။ တာဝန်ယူပါတယ်” ဆိုပြီး အခုလို ပါတီမှတ်ပုံတင်၊ ကြားဖြတ်ရွေး/ပွဲဝင်ဖို့ ဆောင်ရွက်ခဲ့သည်ဟု ယူဆပါသည်။ ဒီလို ဆောင်ရွက်နိုင်အောင် ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေထဲက ပုဒ်မအချို့ကို ပြင်ပေးခဲ့ပါသည်။ ထောင်ကျခံ နေရသူ ရွေး/ပွဲဝင်ခွင့်၊ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့် စကားအစား လေးစား “လိုက်နာပါမည်” ဟု ပြင်ဆင် ချက်၊ အနည်းဆုံး မဲဆန္ဒနယ်သုံးနယ် ၀င်ရောက်ယှဉ်ပြိုင် ရမည်ဟူသော ဥပဒေသုံးခုတို့ကို ပြင်ပေးသည်ဟုဆိုကာ ဒေါ်စု တို့ NLD  ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်နိုင်ရန် ကြေညာချက်ထုတ်ခဲ့သည်ဟု မှတ်သားမိပါသည်။ ရွေးကောက်ပွဲ ဥပဒေနှင့် အခြေခံဥပဒေပါ အရေးကြီးသော ပုဒ်မတို့ကို ပြင်ပေးထားကြောင်း မတွေ့ရပါ။
၎။ အထက်ပါ လိုက်လျောချက်များမှာလည်း ထောင်ကျခံနေရသူ ရွေးး/ပွဲဝင်ခွင့်ဆိုသည်မှာ ယခုအချိန်၌ ဒေါ်စုသည် ထောင်ကျနေသူ မဟုတ်တော့ပါ။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့် စကားရပ်အစား လေးစား လိုက်နာပါမည်ဟု ပြင်ဆင်ပေးခြင်းကလည်း “အရာကြီးနှင့် ကုလားကြီး” ပါပဲ။ ကျနော် အဓိကထား တင်ပြဆွေးနွေးချင် သည်မှာ အောက်ပါအချက်အလက်၊ ဥပဒေများနှင့် သုံးသပ်ချက်များ ဖြစ်ပါသည်။
၅။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိခြင်း ခေါင်းစဉ်အောက်တွင် ၂၀၀၈ ခု နှစ်၊ အခြေခံဥပဒေပုဒ်မ ၁၂၁၊ ပုဒ်မခွဲ (စ) ၌ “နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ၊ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ” ဟု ပါရှိပါသည်။
ထိုပုဒ်မ ၁၂၁၊ ပုဒ်ခခွဲ(စ)ပါ ပြဋ္ဌာန်းချက်အတိုင်းပင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ တွင် “အောက်ပါ ပုဂ်္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရ” ဟူသော ခေါင်းစဉ်အောက်တွင်လည်း ပြဋ္ဌာန်းထားပါ သည်။
၆။ အထက်ပါ ပုဒ်မများမှာ ပြဋ္ဌာန်းချက်အရ နိုင်ငံခြားသားထံမှ အခွင့်အရေးများ၊ ကျေးဇူးခံစားခွင့်များကို ခံစားနိုင် ခွင့်ရှိ သူ၊ ခံစားပိုင်ခွင့်ရှိသူသည် ခံစားသည်ဖြစ်စေ၊ မခံစားသည်ဖြစ်စေ ခံစားခွင့်ရှိပါက ရွေးကောက်ပွဲဝင်ခွင့် မရရှိနိုင်ဟု အဓိပ္ပာယ် ကောက်ယူနိုင်ပါသည်။
၇။ အထက်ပါ ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေပါ ပုဒ်မကို လုံးဝ ပြင်ဆင်မထားဘဲ ပြဋ္ဌာန်းထားဆဲ ရှိပါသည်။ မယုံ မရှိပါနှင့်။ ယင်းဥပဒေများကို လေ့လာကြပါဦးဟု တိုက်တွန်းပါရစေ။
၈။ ထိုသို့ ပြဋ္ဌာန်းထားသည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ပကတိအခြေအနေနှင့် မည်သို့သက်ဆိုင်နေသည်ကို တင် ပြလိုပါသည်။
(က) ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို အောက်ပါအတိုင်း ပါလီ မန်တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ထိုအမွေဆက်ခံမှုအက်ဥပဒေပုဒ်မ ၂၂ တွင် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားက၊ ဗုဒ္ဓ ဘာသာဝင်မိန်းမကို ထိမ်းမြားရန် ကတိပြုလျှင် ထိုယောက်ျားသည် ထိုမိန်းမကို ဤအက်ဥပဒေအရ ထိမ်းမြားရန် ကတိ ပြုသည်ဟု မှတ်ယူရပါမည်။
(ခ) ပုဒ်မ ၂၃ တွင် …
ဟိန္ဒူဘာသာ၊ ဆိ(ခ)ဘာသာ၊ ဂျိန္နဘာသာ တရပ်ရပ်ကို ကိုးကွယ်သော ပစ္စည်းမခွဲရသေးသည့် အိမ်ထောင်စုဝင်တဦး တယောက်သည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဤအက်ဥပဒေအရ ထိမ်းမြားလျှင်၊ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ် ယူခြင်းခံရလျှင် ထိုသူသည် ထိုအိမ်ထောင်မိသားစုမှ ခွဲခွာပြီဟု မှတ်ယူရမည်။ ထို့ပြင် ပစ္စည်းခွဲဝေခြင်းမပြုမီ ထိုသူသေ ဆုံးလျှင် ထိုသူပိုင်သည့် ဆိုင်ရာ ဆိုင်ခွင့်သည် ထိုသူ၏ မယားနှင့် သားသမီးများသို့ သက်ရောက်ရမည်။
(ဂ) ပုဒ်မ ၂၄ (၁) ဤအက်ဥပဒေပုဒ်မအရ ထိမ်းမြားသူတို့၏ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခံရသူတို့၏ ပစ္စည်းပိုင်ခွင့်နှင့် စပ်လျဉ်းသောကိစ်္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူ မျိုးချည်း ဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာဓမ္မသတ်အတိုင်း ဆုံးဖြတ်ရမည်။
၉။ အထက်ပါ ပြဋ္ဌာန်းချက်များကို သုံးသပ်လျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲဝင်ရန် ဖြစ်နိုင်အံ့ မထင် ပါ။ ၀င်ခွင့်ရလို့ ရွေးကောက်ပွဲနိုင်၍ လွှတ်တော်ထဲရောက်လျှင်လည်း ပြိုင်ဘက်အမတ်လောင်းက ကန့်ကွက်လျှင် လွှတ် တော်ကိုယ်စားလှယ်ဘ၀မှ ပြုတ်၍ “ဖွတ်မရ ဓားမဆုံးသည့်ဘ၀” ရောက်သွားနိုင်ပါသည်။
၁၀။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသား မိုက်ကယ်အဲရစ်၏ ဇနီးဖြစ်ပါသည်။ မိုက်ကယ်အဲရစ်သည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်ပြီး တိုင်းတပါးသားလည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် ဖြစ်သည်ဟုလည်း သိရပါသည်။ အ မွေမခွဲမီ သေဆုံးခဲ့သဖြင့် သူခံစားခွင့်ရှိသော အမွေပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည် ခံစားခွင့် ရှိပါသည်။ ခံစားမှု မပြုဟု ပြောနိုင်သော်လည်း ဥပဒေအရ ခံစားခွင့်ရှိကြောင်း ထင်ရှားပါသည်။ ထိုသို့ဆိုလျှင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ နှင့် အခြေခံဥပဒေ ၁၂၁-ပုဒ်မခွဲ(စ)တို့တွင် ပြဋ္ဌာန်းထားချက်များနှင့် အရေးယူလျှင် ခံရနိုင်ဘွယ် ရှိပါသည်။
၁၁။ ရွေးကောက်ပွဲဥပဒေကို ပြင်လိုက ပြင်နိုင်သော်လည်း အခြေခံဥပဒေ ၁၂၁(စ)ကို ပြင်ရန်မှာ အလွန်ခဲ ယဉ်းပါသည်။ ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရပါ မည်။ လက်ရှိ ပြည်သူ့လွှတ် တော်တွင် ကြံ့/ဖွံ့အမတ် ၆၀% နှင့် တပ်မတော်ကိုယ်စားလှယ် ၂၅% ရှိသည်ဟု မှတ်သားမိပါသည်။ အခြားအမတ်များ သည် ၂၀% ပင် မရှိပါ။ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အမတ်မဖြစ်နိုင်ပါ။ အမတ်ဖြစ်ဖို့ အင်္ဂါရပ်တွင် ပါဝင် သော ပုဒ်မ ၁၂၀၊ ၁၂၁ တို့နှင့် မညီလျှင် မည်သူ့ကိုမျှ ၀န်ကြီး မခန့်နိုင်ပါ။ ဒု-သမတ ဖြစ်ဖို့ဆိုလျှင်လည်း အခြေခံဥပဒေ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ) အရ သားသမီးများ နိုင်ငံခြားသား ဖြစ်နေလျှင် ဒု-သမ္မတ မဖြစ်နိုင်ပါ။
၁၂။ ကျနော့် တင်ပြချက်များသည် ဥပဒေပါအတိုင်းဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြိုတင်စဉ်း စားနိုင်ရန်သာ ဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရက လိုက်လျောလျှင် ရနိုင်မည်ဆိုပါက ၀မ်းမြောက်ဘွယ်၊ ဂုဏ်ယူဘွယ် ဖြစ်ပါသည်။ လိုက် လျောနိုင်အံ့ မထင်ပါ။ ၁၉၉၀ ခု ရွေးကောက်ပွဲတုန်းက ဗဟန်းမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းကို ဒေါ်အောင်ဆန်းစုကြည်အား တင်သွင်းရာတွင် တစည ကိုယ်စားလှယ်အမတ်လောင်း ဦးလဗန်ဂရောင်က ကန့်ကွက်၍ ဒေါ်စု ရွေးကောက်ပွဲမ၀င်ခဲ့ရသည်ကို ပြန်လည်သတိရ၍ လိုအပ်သည်တို့ကို ကာကွယ်နိုင်ရန် ရိုးသားစွာ တင်ပြအပ်ပါ သည်။ NLD ဥပဒေပညာရှင်များနှင့်လည်း တိုင်ပင်သင့်သည်ဟု အကြံပြုလိုပါသည်။
ဥပဒေဘက်တော်သားတဦး
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger