Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ပဒို မန်း​ငြိမ်း​မောင်ကို ​ကေအန်ယူထံ အစိုး​ရပြန်အပ်

ပဒို မန်း​ငြိမ်း​မောင်ကို ​ကေအန်ယူထံ အစိုး​ရပြန်အပ်

Written By kawknyaw on Sunday, March 25, 2012 | 3/25/2012

March 25, 2012 by မောင်တူး   (ဒီဗွီဘီသတင်းဌာန)

လွတ်ငြိမ်း ​ချမ်း​သာခွင့်​နဲ့​ ပြန်လွတ်လာတဲ့​ ​ကေအန်ယူ ကရင်အမျိုး​သား​ အစည်း​အရုံး​ ဗဟို​ကော် မတီဝင် ပဒိုမန်း​ငြိမ်း​မောင်ကို ပြည်​ထောင်စုအစိုး​ရ ဝန်ကြီး​တွေဖြစ်တဲ့​ ဦးအောင်မင်း​နဲ့​ ဦး​ခင်ရီတို့​ ကိုယ်တိုင် ​ကေအန်ယူထံ လာ​ရောက် အပ်နှံခဲ့​ပါတယ်။
ပဒိုမန်းငြိမ်းမောင်
စ​နေ​နေ့​ မနက် ၁၀ နာရီမှာ ထိုင်း​-မြန်မာ နယ်စပ် မဲ​ဆောက်မြို့​က ဟိုတယ်တခုမှာ ရထား​ ဝန်ကြီး​ ဦး
အောင်မင်း​၊​ လူဝင်မှူကြီး​ကြပ်​ရေး​ဝန်ကြီး​ ဦး​ခင်ရီတို့​က ပဒိုမန်း​ငြိမ်း​မောင်ကို ​ခေါ်ဆောင်လာပြီး​ ​ကေအန်ယူ ​ခေါင်းဆောင်တွေ လက်ထဲ အပ်နှံခဲ့​တာပါ။
ဦး​အောင်မင်း​ က “သမ္မတကြီး​က လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​လိုက်တယ်​လေ။ အဲဒါကို အခု ကျ​နော်ကိုယ်တိုင် လာပို့​တာပါ။ ကျ​နော်ကတိ​ပေး​တဲ့​အလုပ်ကို ပြီး​မြောက်​အောင် ​ဆောင်ရွက် တာပါ။”လို့​ သတင်း​ထောက်​တွေကို​ပြောပါတယ်။
ပဒိုမန်း​ ငြိမ်း​မောင်က​တော့​ တသက်တကျွန်း​ အပစ်​ပေး​ခံခဲ့​ရပြီး​မှ ပြန်လွှတ်​ပေး​တဲ့​အ​ပေါ် “ဝမ်း​သာ တာ​ပေါ့​ဗျာ။ နိုင်ငံ​ခေါင်း​ဆောင်တ​ယောက် အဲဒီလို အ​မျှော်အမြင်ရှိရှိနဲ့​ ကျ​နော်တို့​ကို လွှတ်​ပေး​ တဲ့​ဟာက အမျိုး​သား​စည်း​လုံး​ ညီညွတ်​ရေး​နဲ့​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ တည်​ဆောက်တဲ့​နေရာမှာ အများ​ကြီး​ အ​ထောက်အကူ ဖြစ်တာ​ပေါ့​။”လို့​ မှတ်ချက်​ပေး​ပါတယ်။
ရထား​ဝန်ကြီး​ ဦး​ဆောင်တဲ့​ မြန်မာအစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​ဟာ ဖဒိုမန်း​ငြိမ်း​ ​မောင်ကို လာ​ရောက်ပို့​ဆောင်အပြီး​မှာ ​ကေအန်ယူအဖွဲ့​နဲ့​ ​ဆွေး​နွေး​ပွဲ တခုလည်း​ ပြုလုပ် ခဲ့​ပါ ​သေး​တယ်။ ဒီ​ဆွေး​နွေး​ပွဲအပြီး​မှာ ​ကေအန်ယူနဲ့​ မြန်မာအစိုး​ရ ​ဆွေး​နွေး​ပွဲကို ကြား​ဖြတ် ​ရွေး​ ​ကောက်ပွဲအပြီး​ ဧပြီ ၄ ရက်မှာ ပြုလုပ်မယ်လို့​ ရထား​ဝန်ကြီး​ ဦး​အောင်မင်း​က ​ပြောဆိုခဲ့​ပါတယ်။
“ဒါက​တော့​ ကျ​နော်တို့​က ကြား​ဖြတ်​ဆွေး​နွေး​ပွဲကိုး​။ ဧပြီလ ၄ ရက်​နေ့​မှာ ရန်ကုန်မှာ ဒုတိယအဆင့်​ political dialouge plus development and settlement အဲ့​ကိစ္စ​တွေ ဆက် ​ဆွေး​နွေး​မယ်။ ဒါ့​ကြောင့်​ ၄ ရက်​နေ့​အတွက် လာပြီး​ ကြိုတင်ညှိနှိုင်း​တာ​ပေါ့​။ ၄ ရက်​နေ့​ကျရင် ရန်ကုန်မှာ ​ဆွေး​နွေး​ကြမှာပါ။”
ကေအင်န်ယူ ကရင်အမျိုး​သား​အစည်း​အရုံး​ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ​နော်စီဖိုး​ရာ စိန်က​တော့​ ဒီ​ဆွေး​နွေး​ပွဲနဲ့​ပတ်သက်ပြီး​ “ဒုတိယအကြိမ် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ ကိစ္စကို ဘယ်လို ဆက်လက်ပြီး​ ​ဆွေး​နွေး​မယ် ဆိုတာကို ကျမတို့​တွေ့​ဆုံ ​ဆွေး​နွေး​တာ ဖြစ်တယ်။ ​နောက်တ​ခေါက် ကျမတို့​သွား​ရမယ့်​ အစီအစဉ်၊​ ​ဆွေး​နွေး​ရမယ့်​ အချက်အလက်​တွေကို ​ဆွေး​နွေး​တာပါ။”လို့​ပြောပါတယ်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger