Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » မျိုးဆက်သစ် တိုင်းရင်းသားခေါင်းဆောင်လေးများ

မျိုးဆက်သစ် တိုင်းရင်းသားခေါင်းဆောင်လေးများ

Written By kawknyaw on Saturday, March 31, 2012 | 3/31/2012


ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) မတ်လ ၃၁၊ ၂၀၁၂

၂၀၁၂ ခုနှစ်၊ မတ်လ ၊ (၂၉) ရက် ကြာသာပတေးနေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ အမှတ် (၄၁၁)၊ မဟာဗန္ဓုလလမ်းရှိသော ဧမာနွေလ နှစ်ခြင်းအသင်းတော်မှ ဆရာ/မများနှင့် တိုင်းရင်းသားကလေးငယ်များ စုစုပေါင်း (၇၅) ဦးသည် နာရေးကူညီမှုအသင်း (ရန်ကုန်)အား လာရောက်လေ့လာရေးဆင်းခဲ့ကြပါသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား
ဧမာနွေလ နှစ်ခြင်းအသင်းတော်မှ ဂုဏ်ထူး ဆောင်ဘွဲ့ကိုချီးမြှင့်ခဲ့ရာ (၁၃.၁၁.၂၀၁၁) ရက် (တနင်္ဂနွေနေ့) တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးကျော်သူအား ဒေါက်တာဘွဲ့ (D.H.S.S – Doctor of Humane Social Services)၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား (M.H.S.S – Master of Humane Social Services) ဘွဲ့တို့အား အသီးသီး ချီးမြှင့်ပေးခဲ့သည်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဦးကျော်သူ ကို ပေးအပ်ရတာဖြစ်ကြောင်း ဧမာနွေလနှစ်ခြင်းအသင်းတော်ကြီး၏ သိက္ခာတော်ရဆရာတော်ကြီး ဦးပေါလ်အက် (ဖ်) ဂျွန် (စ်) မှ အခန်းအနားတွင်ပြောကြားသွားခဲ့ပါသည်။








နာရေးကူညီမှုအသင်း (ရန်ကုန် )သို့လာရောက်ကြသော ကျောင်းသား/သူများသည် ဧမာနွေလနှစ်ခြင်း အသင်းတော်ကြီး၏ ဆရာ/မ များ ဖွင့်လှစ်ထားသော ‘Love Your Christ With All Your Life’ အမည်ဖြင့် ဖွင့်လှစ်ထားသောသင်တန်းမှ ကျောင်းသား/သူများဖြစ်ကြောင်း၊ အများစုမှာ ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး အနည်းစုမှာ ဗုဒ္ဓဘာသာများဖြစ်ကြောင်း အသင်းတော်မှ ဆရာမတစ်ဦးက ပြော ကြားသွားခဲ့ပါသည်။


ဧမာနွေလနှစ်ခြင်းအသင်းတော်မှ လာရောက်လေ့လာကြသော ဆရာ/မများနှင့် ကျောင်းသား/သူ၊ ကလေးငယ်များ စုစုပေါင်း (၇၅) ဦးအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူမှ ကိုယ်တိုင်ကိုယ်ကျလိုက်လံ၍ အသင်းကြီး၏လှုပ်ရှား လုပ်ဆောင်မှုပုံရိပ်များအား ရှင်း လင်းပြသခြင်း၊ နွေရာသီအင်္ဂလိပ်စာ သင်ကြားပြသနေသော သင်တန်းများကိုလိုက်လံပြသခြင်း၊ သုခအလင်းစာကြည့်တိုက်ကို လိုက်လံ ကြည့်ရှုလေ့လာခြင်း၊ နာရေးကူညီမှုယာဉ်များအား လိုက်လံလေ့လာခြင်းနှင့် သုခကုသိုလ်ဖြစ် ဆေးခန်းအားလည်း လိုက်လံပြသပေးခဲ့ရာ တိုင်းရင်းသား ကလေးငယ်များတို့သည် စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သား မှတ်တမ်းတင်မှုများကို ပြုလုပ်ခဲ့ပါသည်။ သုခအလင်း စာ ကြည့်တိုက်ရှိ စာအုပ်စာပေများကို ကလေးငယ်များသည် အထူးနှစ်ခြိုက်သဘောကျသည်ကို တွေ့မြင်ရသည်။ ထို့နောက် တိုင်းရင်းသား ကလေးငယ်များနှင့်တကွ ဧမာနွေလအသင်းတော်မှ ဆရာ/မများနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးဒေါ် ရွှေဇီးကွက်တို့နှင့် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကာ ဥက္ကဋ္ဌဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့မှ လာရောက်လေ့လာကြသော ကရင်တိုင်း ရင်းသားကလေးငယ်များအား အမှတ်တရအဖြစ် F.F.S.S တီရှပ်များကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့ကာ ကလေးငယ်များမှလည်း ဆု တောင်းမေတ္တာပို့သကာ ပြန်လည်၍ထွက်ခွာသွားခဲ့သည်။
ထို့ကြောင့် နောင်တချိန် တိုင်းပြည်၏ခေါင်းဆောင်များဖြစ်လာကြမည့် တိုင်းရင်းသားကလေးငယ်များ၏စိတ်ဓါတ်သည် ပရဟိတလူမှုရေးလုပ် ငန်းရပ်များဖြစ်သည့် နာရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်လူသားချင်းစာနာထောက်ထားသော စိတ်ဓါတ်များ၊ လုပ်ရပ်များ၊ ပေးဆပ်မှုများ ကို နုငယ်သောနှလုံးသားတို့တွင် အစဉ်ထာဝရ ကိန်းဝပ်သွားစေမှုတို့သည် တိုင်းပြည်၏တိုးတက်မှု၊ ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းမှု၊ သာယာဝပြောမှုတို့ကို ဖြစ်ပေါ်စေမည့် အတိတ်နိမိတ်ပင်ဖြစ်တော့သည်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger