Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ၈၈ မျိုးဆက် ခေါင်းဆောင်တို့၏ ရှမ်းပြည်နယ် ခရီးစဉ်(ဓာတ်ပုံသတင်း)

၈၈ မျိုးဆက် ခေါင်းဆောင်တို့၏ ရှမ်းပြည်နယ် ခရီးစဉ်(ဓာတ်ပုံသတင်း)

Written By kawknyaw on Sunday, May 6, 2012 | 5/06/2012

ဆရာ ဒဂုန်တာရာထံသို့ သွားရောက် ဂါရ၀ပြုခဲ့ကြစဉ် (မေလ၊ ၅ရက်၊ ညနေ ၆ နာရီ)
(ဓာတ်ပုံများ – 88 Generation Students www.facebook.com/88GenerationStudents)၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရှမ်းပြည်နယ် တောင်ပိုင်းခရီးစဉ်များကို ယနေ့ (မေလ၊ ၁ ရက်) စတင်ခဲ့ကြသည်။၈၈မျိုးဆက်ကျောင်းသားများသည် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့သို့ ယနေ့ (မေလ၊ ၁ ရက်) နံနက် ၄ နာရီ ၁၅မိနစ်တွင် ရောက်ရှိခဲ့ကြပြီး နံနက် ၈ နာရီတွင် ရပ်စောက်မြို့နယ်သို့ ခရီးဆက်ခဲ့ကြသည်။မွန်းလွဲ ၁၂း ၃၀ နာရီတွင် ရပ်စောက်မြို့၊ သာသန၀ိပုလ၊ မင်္ဂလာရန်အောင် စာသင်တိုက်၊ ဓမ္မာရုံတွင် ရပ်စောက်မြို့မိ မြို့ဖများ၊ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးကြပြီး၊ ရပ်စောက်မြို့မိမြို့ဖများ၏ ဆွေးနွေးမေးမြန်းချက်များကို ၈၈မျိုးဆက်ကျောင်းသားများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။ညနေ ၄ နာရီတွင် ဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် ရပ်စောက်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနှင့် စူဠာမနိစေတီတော်သို့ သွားရောက်ခဲ့ကြသည်။
တောင်ကြီးမြို့တွင် ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ ကို ယနေ့(မေလ ၃ ရက်) နံနက်၉း၄၅ နာရီတွင် တောင်ကြီးမြို့ရှိ ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုအသင်း ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားမစတင်မီ ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်စူး၍ ချိုးငှက်များကို ဘေးမဲ့လွှတ်ပေးခဲ့ကြပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုများ၌ ကျဆုံးခဲ့ရသူများအတွက် ဂုဏ်ပြုပန်းများ ချခြင်းတို့ကို ဦးစွာပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားကို စတင်ကျင်းပရာ ၈၈မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များကို ဂျင်မီက တစ်ဦးချင်း မိတ်ဆက်ပေးပြီး မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် တို့က ဦးဆောင်ဆွေးနွေး ပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော ဒေသခံ မြို့မိ မြို့ဖ များနှင့် ပြည်သူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ကျန်ရှိနိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ရည်စူး၍ ချိုးငှက်လွှတ်နေသော
ကိုကိုကြီး

ရွှေညောင်မြို့ NLD ရုံး
ညောင်ရွှေမြို့ ( မေလ ၊ ၄ရက်၊ နံနက်)
ရလလဖ မှ အတွင်းရေးမှုး ဦးစိန်ရွှေ က ၈၈မျိုးဆက် ကျောင်းသားများနှင့် ဆွေးနွေးမြန်းစဉ်။

ရွှေညောင်မြို့ NLD ရုံး
ဟိုပုံးမြို့၊ နောင်တောင်း ပရဟိတကျောင်းမှ ကျောင်းသူ ကျောင်းသားများအား လူငယ်နှင့် ပညာရေးဆိုင်ရာ ဟောပြောနေသော မင်းကိုနိုင်
ဒေသခံ ပအိုဝ် ကျောင်းသူများ
ဒေသခံ ပအိုဝ် ကျောင်းသား ကျောင်းသူများ
ရှမ်းပြည်တောင်ပိုင်းခရီးစဉ်တွင် ယနေ့ (မေလ၊ ၂ ရက်) နံနက်ပိုင်းက ဟိုပုံးမြို့နယ်ရှိ နောင်တောင်း ပရဟိတ တပ်ဦးကျောင်းသို့ ရောက်ရှိလေ့လာဖြစ်ခဲ့ကြသည်။ထို့နောက် မွန်းလွဲ ၁၂း၃၀ နာရီတွင် ဟိုပုံးမြို့၊ နောင်တောင်း ပရဟိတ တပ်ဦးကျောင်းရှိ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းမှ ကလေးငယ်များနှင့် ဒေသခံများအတွက် ဟောပြောပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြသည်။ အခမ်းအနားတွင် နောင်တောင်း ပရဟိတ တပ်ဦးကျောင်း ဆရာတော် အရှင်ရာဇိန္ဒသီရိက သြ၀ါဒစကား မိန့်ကြားပြီး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး နှင့် မင်းဇေယျ တို့က ကလေးလူငယ်နှင့် ပညာရေးအကြောင်းများကို ဟောပြောကြသည်။ ထို့နောက် ဆရာတော်က လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ပြီး၊ ၈၈မျိုးဆက် ကျောင်းသားများကလည်း နောင်တောင်း ပရဟိတ တပ်ဦးကျောင်းသို့ အလှူငွေ ကျပ် တစ်သိန်းကို ပေးအပ် လှူဒါန်းခဲ့ကြပါသည်။

ရပ်စောက်မြို့
ရှမ်းပြည်တောင်ပိုင်း ဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက်ပေးသူ ကိုနေမျိုး (ရှမ်းပြည်နယ်၊ ၈၈မျိုးဆက်ကျောင်းသား)
တောင်ကြီးမြို့ ( မေလ၊ ၃ရက်၊ ညနေ ၆ နာရီ ၂၀ မိနစ်)
ရှမ်းတိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသော ဦးခွန်ထွန်းဦး၊ ဦးဆေးထင်၊ ဦးစိုင်းညွန့်လွင် တို့ တက်ရောက်ခဲ့ကြသည့် ဦးမြင့်သန်း ကွယ်လွန်ခြင်း ၆နှစ်မြောက် အမှတ်တရပွဲ
အင်းလေး၊ ဖောင်တော်ဦးဘုရား
ဟဲဟိုးမြို့ ဆွေးနွေးပွဲအတွင်း အမျိုးသမီးရေး ကိစ္စများကို မမီးမီးက ပြန်လည် ဖြေကြားဆွေးနွေးစဉ်။
ကိုဌေးကြွယ် (တောင်ကြီးမြို့ ဆွေးနွေးပွဲ)
ညောင်ရွှေမြို့၊ ကဆုန်ဆွမ်းတော်ကြီးလှည့်ပွဲကို မေလ ၄ရက် ညနေ ၅ နာရီက ညောင်ရွှေမြို့အတွင်း လှည့်လည် ကျင်းပရာ ဧည့်သည်အဖြစ် ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများကလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။
တောင်ကြီးမြို့နယ် အတွင်းရှိ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ နှင့် နိုင်ငံရေးပါတီများသည် ယနေ့ (မေလ ၃ရက်) မွန်းလွဲ ၃ နာရီတွင် ၈၈မျိုးဆက်ကျောင်းသားများနှင့် ဆွေးနွေးပွဲကို တောင်ကြီးမြို့ရှိ ရှမ်း စာပေနှင့် ယဉ်ကျေးမှုအသင်း ခန်းမ၌ ကျင်းပခဲ့သည်။တက်ရောက်ဆွေးနွေးကြသော အဖွဲ့အစည်းများမှာ….
၁။ ရှမ်း စာပေနှင့် ယဉ်ကျေးမှုအသင်း
၂။ ပအို့ဝ် စာပေနှင့် ယဉ်ကျေးမှုအသင်း
၃။ ပအို့ဝ် တိုင်းရင်းသား ရပ်မိရပ်ဖများ
၎။ ပအို့ဝ် လူငယ်များအဖွဲ့ (PYO)
၅။ ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)
၆။ ရပ်စောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
၇။ တောင်ကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
၈။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်(ကျားဖြူ)ပါတီ
၉။ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)
၁၀။ ရွှေပြည်အေး အဖွဲ့
၁၁။ Green Right Organization
၁၂။ အောင်ပန်းစာကြည့်တိုက် အဖွဲ့
၁၃။ ရှေ့နေများ
၁၄။ ကျူရှင်ဆရာများ တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဒေသခံ ဒေါက်တာဦးထွန်းနိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေး၊ ဟဲယာရွာမ

အင်းလေးကန် (မေလ ၄ရက်၊ နံနက် ၁၀း၃၀)

၂၀၀၆ ခုနှစ်၊ မေလ ၂ ရက် ၊ သံတွဲထောင်တွင် ကွယ်လွန်သွားခဲ့သော ဦးမြင့်သန်း အတွက် ကွယ်လွန်ခြင်း ၆နှစ်မြောက် အမှတ်တရကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ နဂါးပွက်ကျောင်းတွင် ယနေ့နံနက်က ပြုလုပ်ရာ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသော ဦးခွန်ထွန်းဦး၊ ဦးဆေးထင်၊ ဦးစိုင်းညွန့်လွင် တို့ တက်ရောက်ခဲ့ကြသည်။ တောင်ကြီးမြို့သို့ ရောက်ရှိ နေကြသော ၈၈မျိုးဆက်ကျောင်းသားများလည်း အခြားသော နိုင်ငံရေး အင်အားစုများနှင့်အတူ ထိုအမှတ်တရပွဲသို့ တက်ရောက် ခဲ့ကြသည်။ဦးမြင့်သန်းသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဌ ဦးခွန်ထွန်းဦးနှင့်အတူ ၂၀၀၄ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး သံတွဲမြို့ အကျဉ်းထောင်တွင် ကွယ်လွန်သွားခဲ့သူဖြစ်ပါသည်။
ရှမ်းပြည်တောင်ပိုင်းခရီးစဉ်၊ ပဉ္စမနေ့ ( မေလ၊ ၅ရက် ) ၊ မွန်းလွဲ ၂ နာရီတွင်
အောင်ပန်းမြို့ ရပ်မိရပ်ဖများနှင့် ရင်းနှီးပွင့်လမ်းစွာ၊ တွေ့ဆုံ ဆွေးနွေး

အခမ်းအနားစီစဉ်သူ ဆရာဦးဘိုဘိုဟန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
အောင်ပန်းမြို့ ရပ်မိရပ်ဖများနှင့်
၈၈မျိုးဆက်ကျောင်းသား မျိုးအောင်နိုင်က ဒီမိုကရေစီရေး လှုပ်ရှားမှုများ အတွင်း ကျဆုံးခဲ့သူများအတွက် ရည်စူး၍ ဂုဏ်ပြုပန်းပွင့် ချစဉ်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger