Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » မြေမြှုပ်မိုင်းရှင်းလင်းရေး ဒေါ်အောင်ဆန်းစုကြည် ကူညီမည်

မြေမြှုပ်မိုင်းရှင်းလင်းရေး ဒေါ်အောင်ဆန်းစုကြည် ကူညီမည်

Written By kawknyaw on Monday, January 21, 2013 | 1/21/2013

မြေမြှုပ်မိုင်းတွေ အများအပြား စုဝေးရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ကို တနင်္ဂနွေနေ့က ရောက်ခဲ့တဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြေမြှုပ်မိုင်းရှင်းလင်းရေး အတွက် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုကြောင်း NLD Facebook မှာ ဖော်ပြထားပါတယ်။
(ဓာတ်ပုံများ - NLD Facebook)
ပြည်သူ့လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျောက်ကြီး မြို့နယ်တွင် ဖွင်လှစ်ထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဆက်ဆံရေးရုံးကို ရောက်ရှိစဉ် အဲဒီလို ပြောဆိုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းရှင်းလင်းရေးအပြင်  ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်း၊ ဒေသဖွံဖြိုးမှု မြှင့်တင်ဆောင်ရွက်ရေး၊ မိုင်းသင့်စစ်ဘေးဒဏ်ခံ မသန်စွမ်းသူများ ဘ၀ တိုးတက်ရေးတို့ အတွက် ဆောင်ရွက်ပေးမယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

KNU ကလည်း ဒီလုပ်ငန်းစဉ် နဲ့ လုပ်ငန်းနယ်ပယ်  အသီးသီးမှာ  ပူးပေါင်းပါဝင်ဖို့ သဘောတူကြောင်း
KNU အမှတ် (၃) တပ်မဟာမှုး စောအယ်ကလူသိန်းက ပြောကြားခဲ့ပါတယ် တဲ့။
google map
ကရင်တိုင်းရင်းသား အများအပြား နေထိုင်တဲ့ ကျောက်ကြီးဟာ ထိုင်းမြန်မာနယ်စပ်နဲ့ မိုင် ၂၀ အကွာမှာ တည်ရှိပါတယ်။ မြေပုံမှာ ကြည့်ရင် ကျောက်ကြီးကို နေပြည်တော်-ရန်ကုန် လမ်းမကြီးနားမှာ တွေ့ရမှာပါ။

ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ခဲ့တဲ့ ကျောက်ကြီးဒေသဟာ မကြာသေးခင်ကာက စတင်တည်ငြိမ်လာပါတယ်။ KNU ကလည်း ဆက်ဆံရေးရုံးတရုံး ဖွင့်ခဲ့ပါတယ်။

နော်ဝေနိုင်ငံကလည်း ကျောက်ကြီးဒေသမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အကြောင်း၊ မြန်မာငြိမ်းချမ်းရေး အထောက်အကူပြု အစီအစဉ် (Myanmar Peace Support Initiative – MPSI) အောက်မှာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဘန်ကောက်မြို့ နော်ဝေသံရုံးရဲ့ အွန်လိုင်းမှာ ရေးသားထားပါတယ်။
နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ကလည်း ဒီဒေသမှာ စီမံကိန်းတချို့ ရှိတယ်လို့ အဲဒီ အွန်လိုင်းမှာပဲ ရေးထားပါတယ်။



ပဲခူးတိုင်းထဲမှာ မြေမြှုပ်မိုင်းတွေ အသက်ဝင် အိပ်စက်နေတဲ့ မြို့တွေကတော့ ကျောက်ကြီး၊ ရွှေကျင်၊ ထန်းတပင်၊ တောင်ငူမြို့တွေ ဖြစ်တယ်လို့ နိုင်ငံတကာမြေမြှုပ်မိုင်းပိတ်ပင်ရေးကွန်ရက်    International Campaing to Ban Landmines ရဲ့ အွန်လိုင်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ် -

မြေမြှုပ်မိုင်း ရှင်းလင်းရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း




Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger