Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » နန်းခင်ဇေယျာ ရုပ်ရှင် သရုပ်ဆောင် လုပ်တော့မယ်

နန်းခင်ဇေယျာ ရုပ်ရှင် သရုပ်ဆောင် လုပ်တော့မယ်

Written By kawknyaw on Thursday, January 17, 2013 | 1/17/2013

ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss International 2012 မှာ ထင်ရှားလာပြီး ပရိသတ်ရွေးချယ်မှုဆုနဲ့ မစ္စ အင်တာနက် ဆုတွေရခဲ့သူ အလှမယ် နန်းခင်ဇေယျာဟာ အခုဆိုရင် ပထမဆုံး အကြိမ် ရုပ်ရှင် ဇာတ်ကား တကားမှာ သရုပ်ဆောင် တော့မှာပါ။ 


 ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာတော့မယ့် နန်းခင်ဇေယျာ ၊ ဓာတ်ပုံ- ဧရာဝတီ 
 
ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်တဲ့ နာရေး ကူညီမှု အသင်း (ရန်ကုန်) မှာလည်း ပရဟိတ လုပ်ငန်းမှာ လုပ်အားပေးနေတဲ့ နန်းခင်ဇေယျာကို ဦးကျော်သူက ကမ်းလှမ်းခဲ့တဲ့အတွက် အခုလို ရုပ်ရှင် ရိုက်ကူးဖို့ ဖြစ်လာတာပါ လို့ နန်းခင်ဇေယျာက ဧရာဝတီကို ပြောပါတယ်။ 

“ပထမတော့ ရုပ်ရှင်ရိုက်မယ်ဆိုတာ မရှိသေးပါဘူး။ ဦးကျော်သူက ကျမကို ပရဟိတ လုပ်ငန်းတွေထဲက တကယ့် အဖြစ်အပျက် အခက်အခဲ လေးတွေအကြောင်း ရိုက်စရာ ရှိတယ်တဲ့။ သမီး သရုပ်ဆောင်ဖြစ် လားလို့ မေးတော့ ကျမ သရုပ်ဆောင် ဖြစ်သွားတာပါ၊ ဒါက ပထမဆုံး ရိုက်ကူးမယ့် ရုပ်ရှင်ပါ” လို့ သူက ရှင်းပြပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ကျော်သူရိုက်တဲ့ ဇာတ်ကားမှာ နန်းခင်ဇေယျာ သရုပ်ဆောင်မယ် ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါပြီ။ 
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger