Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရ အရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရ အရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း

Written By kawknyaw on Saturday, September 14, 2013 | 9/14/2013

facebook  မှာ ပြန့် နှံနေတဲ့ မြန်မာ့တပ်မတော်က စစ်သည်နှစ်ဦး ကျဆုံးနေတဲ့ ဓာတ်ပုံ
မြန်မာ့တပ်မတော်နှင့်ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒဏ်ရာရတပ်မတော်အရာရှိတစ်ဦး ဖမ်းဆီးအသတ်ခံရမှုနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်လိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ-

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရ အရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း


၁။ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းတွင် နယ်မြေခံတပ်ရင်းမှ တပ်စု ၁ စုသည် မချမ်းဘောမြို့ဝန်းကျင်အတွင်းပိုင်း နယ်မြေအတွင်း နယ်မြေစိုးမိုးရေး၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ရန်အတွက် သြဂုတ်လ ၂၈ရက်နေ့တွင် မလွတ်ဒမ်းကျေးရွာမှထွက်ခွာလာခဲ့ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ အင်အား ၂၀ ဦးခန့်မှ အသင့်စောင့်ကြိုတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၁ ဦးနှင့် စစ်သည် ၁ ဦးလူစုကွဲပျောက်ဆုံးသွားခဲ့ပြီး ဖြန့်ခွဲရှာဖွေခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ တွင် စစ်သည်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါသည်။

၂။ ပျောက်ဆုံးအရာရှိအား ဆက်လက်ရှာဖွေခဲ့စဉ် မြေပြင်သတင်း စိစစ်ဖော်ထုတ်ချက်အရ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၇)မှ တပ်စုမှူး တန်ခမ်ဦးစီးအင်အား ၂၀ ဦးခန့်သည် သြဂုတ်လ ၂၇ ရက်တွင် အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ၂၈ ရက်နေ့တွင် တပ်အား အသင့်စောင့်ကြို ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ ၂၉ ရက်နေ့တွင် ကေ အိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ အင်ခန်ဂါးကျေးရွာမှ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ၃၀ ရက်နေ့တွင် ပျောက်ဆုံးအရာရှိသည် ဘက်ဘက်လက်မောင်းတွင် လက်နက်ငယ်ဒဏ်ရာဖြင့် အင်ခန်ဂါးကျေးရွာ သို့ ရောက်ရှိလာရာ ၎င်းကျေးရွာရှိ ကေအိုင်အေ(ကချင်) လက်နက်ကိုင် အဖွဲ့နှင့် အဆက်အသွယ်ရှိသူတစ်ဦးမှ သွားရောက်သတင်းပို့ခဲ့ သဖြင့် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပါသည်။

ဖမ်းဆီးခံအရာရှိအား ပြန်လည်ရရှိရေး ဆောင်ရွက်နေစဉ် စက်တင်ဘာ ၅ ရက်နေ့တွင် အင်ခန်ဂါးကျေးရွာအနီး နေထိုင်သည့် ဦးဖုန်ဇော်လဆိုင်းနှင့် သားဖြစ်သူမောင်ဖုန်းဇောင်ခင်ဆိုင်းတို့မှ ၎င်းတို့တောင်ယာအနီးတွင် အပုပ်နံ့ရရှိကြောင်း တပ်မတော်သို့ လာရောက်အကြောင်းကြားသဖြင့် လိုက်လံရှာဖွေရာ အင်ခန်ဂါးရွာ၏ မြောက်ဘက် မီတာ(၁၀၀၀) ခန့်အကွာ တောင်ယာသွားလမ်း၏ ညာဘက် ကိုက်(၁၀၀၀) ခန့်ရှိတောင်စောင်းနေရာတွင် မြေပုံတစ်ခုအား တွေ့ရှိခဲ့ပြီး တူးဖော်ကြည့်ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အရာရှိအား ရက်စက်စွာ ဦးခေါင်းဖြတ် သတ်ဖြတ်ပြီး မြုပ်နှံထားသည်ကို တွေ့ရှိခဲ့ရပါသည်။

၃။ တပ်မတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအား အလေးအနက်ထားလုပ်ဆောင် လျှက်ရှိပြီး တွေ့ကြုံရသည့်အခက်အခဲ၊ သဘောထားကွဲလွဲမှုနှင့် နားလည်မှုလွဲမှားသော ပြဿနာများအား သဘောထားကြီးမားစွာဖြင့်
ထိန်းသိမ်းဖြေရှင်းမှုများ လုပ်ဆောင်လျှက်ရှိပါသည်။ တပ်မတော်မှ ထိုသို့ဆောင်ရွက်လျှက်ရှိသော်လည်း ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ကြိုးပမ်းဆောင်ရွက်စဉ် အချိန်တွင်ပင် ဖမ်းဆီးရမိသည့် အရာရှိအား ရက်စက်စွာသတ်ဖြတ် ခဲ့ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိသည့် အရာရှိအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့် လူသတ်မှုကျုးလွန်သူ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၇)မှ တပ်စုမှူး တန်ခမ်နှင့်အပေါင်းအပါ ၂၀ဦးခန့်အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး
မချမ်းဘောမြို့ နယ် ရဲတပ်ဖွဲ့စခန်းတွင် သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရပါသည်။

Popular Myanmar News Journal
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger