Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ရွှေ့ပြောင်းမြန်မာအတွက် OKRSO မှ အင်္ဂလိပ်နှင့်ထိုင်း ဘာသာရပ်သင်တန်းဖွင့်လှစ်

ရွှေ့ပြောင်းမြန်မာအတွက် OKRSO မှ အင်္ဂလိပ်နှင့်ထိုင်း ဘာသာရပ်သင်တန်းဖွင့်လှစ်

Written By kawknyaw on Monday, September 9, 2013 | 9/09/2013

သြဂုတ်လ ၉ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း( ကေအိုင်စီ) okrso1imgရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၏ ပညာရေးအတွက် ရည်ရွယ်၍ အင်္ဂလိပ်နှင့် ထိုင်းဘာသာရပ်သင်တန်း တရပ်ကို ဘန်ကောက်မြို့ ခေါင်တိန်ဒေသ ဖဟာရုထိုင် လူငယ်ကက်သလစ်ကျောင်းတွင် သြဂုတ်လ ၈ နေ့က ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးးအဖွဲ့(OKRSO)မှ ဖွင့်လှစ်လိုက်သည်။
အဆိုပါသင်တန်းကို ၂၀၀၆ ခုနှစ်မှစတင်ကာ လေးလတစ်ကြိမ်ဖွင့်လှစ်ခြင်းဖြစ်ပြီး တက်ရောက်လိုသည့် ရွှေ့ ပြောင်းမြန်မာအလုပ် သမားများအတွက် အသက်အရွယ်၊ ပညာအရည်အချင်း အကန့်အသတ်မရှိဘဲ အားလုံး တက်ရောက်နိုင်အောင် အဓိကထားကာ သင်တန်းဖွင့်လှစ်နေခြင်းဖြစ်သည်ဟု OKRSO ၏ နာယက တစ်ဦးဖြစ် သူ စောစိပ်ပလောင်က ကေအိုင်စီသို့ ပြောသည်။
စောစိပ်ပလောင်က “ထိုင်းနိုင်ငံရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ကလေးတွေဟာ ပညာလို ချင်ပေမယ့် တချို့က စားဝတ်နေရေးကြောင့် အခက်အခဲရှိတဲ့ ကလေးတွေပါ။ ဒါတွေကို ဖြေရှင်းနိုင်ဖို့နဲ့ နောင်တချိန်မှာ သူတို့တွေ ပညာရေးမှာ အများနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်တာပါ”ဟု ပြောသည်။
ယခုဖွင့်လှစ်သည့် သင်တန်းတွင် တက်ရောက်သူ ၁၅၀ ကျော်ရှိပြီး ၎င်းတို့ကို ထိုင်းနှင့် အင်္ဂလိပ်စာ ရေး၊ ဖတ်၊ ပြောအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလ လေးလကြာမြင့်မည်ဖြစ် သလို ဘာသာရပ်တစ်ခုစီအတွက် level ၃ ဆင့်အထိ သင်ကြားပေးမည်ဖြစ်သည်ဟု OKRSO က ဆိုသည်။
သင်တန်းတက်ရောက်မည့်သူတစ်ဦးဖြစ်သူ စောသအွာက “ ကျနော်က ပိုင်ကျုံမြို့နယ်ခွဲကပါ။ ကျနော်နေတဲ့ ရွာက ပညာရေးဘက်မှာ တော်တော်လေး ချို့တဲ့နေတယ်။ ကျနော်ဒီသင်တန်းကို တက်ပြီး တော့ တတ်နိုင်သမျှ ကိုယ်ရွာမှာ ပြန်ပြီး ပညာတွေကို ပြန်လည်ဝေငှချင်လို့ လာတက်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
OKRSO လက်အောက်ခံအဖွဲ့တစ်ခုဖြစ်သည့် National Catholic Commission on Migration(NCCM)မှ ပညာရေး တာဝန်ခံဖြစ်သူ နန်းဖောင်အွာကလည်း လေးလတာသင်တန်းကာလအတွက် ထိုင်းဘတ်ငွေ ၅၀၀ ကို ကျောင်းဝင်ကြေးအဖြစ်ပေးသွင်းရမည်ဖြစ်ကာ ထိုင်းတက္ကသိုလ်ရှိ ဆရာများ၊ ရွှေ့ပြောင်းမြန်မာကျောင်းများမှ အတွေ့အကြုံရှိသူ ဆရာများက တာဝန်ယူသင် ကြားပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။
okrso2img
ထို့အပြင် ယခုသင်တန်းနှင့်ပတ်သက်၍ နောက်လာမည့် အလားတူ သင်တန်းကာလများတွင် ကရင်စာပေများပါ ထည့်သွင်းသင်ကြားနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း OKRSO က ဆိုသည်။
OKRSO ကို ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ကရင်လူမျိုးများဖြင့် ၁၉၉၂ ခုနှစ်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လက်ရှိကရင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားများ ဖော်ထုတ်ခြင်း၊ သင်ကြားပေးခြင်းများပြုလုပ်သည်သာမက ပညာရေး ဆိုင်ရာ အသိပညာပေးသင်တန်းများ၊ စွမ်းရည်မြှင့်သင် တန်းများကို လုပ်ဆောင်လျှက်ရှိသည်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger