Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ကိုယ်ဝန်ဆောင်အမျိုးသမီး ဆေးခန်းက မမွေးပေးလို့ မြက်ခင်းပေါ်မှာ မွေးခဲ့ရ

ကိုယ်ဝန်ဆောင်အမျိုးသမီး ဆေးခန်းက မမွေးပေးလို့ မြက်ခင်းပေါ်မှာ မွေးခဲ့ရ

Written By kawknyaw on Friday, October 11, 2013 | 10/11/2013

 
 မက္ကှဆိကိုနိုင်ငံ အောက်စကာပြည်နယ်တွင် အမျိုးသမီးတစ်ဦးသည် မီးဖွားလိုသောကြောင့်ဆေးခန်းသွားပြရာ ဆေးခန်း မှ သူနာပြုဆရာမက ကိုယ်ဝန်ရှစ်လသာရှိသေးသောကြောင့်ကလေးမမွေးနိုင်သေးကြောင်း၊ ထိုကြောင့် မွေးမပေးနိုင်ကြောင်း ပြောလွှတ်လိုက်သည်။ ထိုကြောင့်ဆင်းရဲသားလင်မယားမှာ ဆေးခန်းမှထွက်လာခဲ့ရသည်၊ ဆေးခန့်ရှေ့ မြက်ခင်းပြင်အရောက်တွင် ၂၉ နှစ်အရွယ် အမာလိုပတ်ဇ်သည် ရေ မွှာပေါက်သွားကာ အနီးရှိ အဆာက်အအုံတခု၏ နံရံကို ဆုပ်ကိုင် ကာ ၃ ဦးမြောက် ကလေးကို မွေးဖွားလိုက်တော့သည်။ နာလွန်းသောကြောင့် မြက်ခင်းပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ကလေးမှာ မြတ်ခင်းပြင်ပေါ်တုံးလုံးပတ်လက်ဖြစ်ပြီး အချင်းများမှာလည်း တန်းလန်းဖြစ်နေသည်။ ထိုမြင်းကွင်းကို ဓါတ်ပုံရိုက်ကာသတင်းဌာန တစ်ခုကို ပေးပို့လိုက်သောအခါ ပြည်သူများ ဒေါသတကြီး ဖြစ်လေတော့သည်။ဒီအဖြစ်ပျက်ဟာ မက္ကဆီကိုရှိ ဆင်းရဲသား မိခင်လောင်းများဘဝ မည်မျှ ဆိုးရွားသည်ကို မီးမောင်ုးထိုးပြလျှက်ရှိသည်။ မက္ကဆီကိုမှ ရာပေါင်းများ စွာသော မိခင်လောင်းများသည် မီးတွင်းတွင် သို့မဟုတ်မီးဖွားပြီး ပြီးပြီး ချင်း အသက်ဆုံးရှုံးလျှက်ရှိသည်။ အဆိုပါဖြစ်ရပ်ကြောင့် ထိုဆေးခန်းမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာအန်ဒရီခရုဇ်ကို ဒီလ ၉ ရက်နေ့တွင် ရာထူးမှ ဆိုင်းငံ့ထားလိုက်ပြီး ထိုအမှုကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည် ဟု ပြည်နယ်အစိုးရက ဆိုသည်။ ပြည်မြန်မာသတင်းစာ
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger