24.Oct.2013
ငါတို့မှာ ခေါင်းဆောင်နိုင်တဲ့ အရည်ချင်းပြည့်ဝတဲ့ လူတွေအများကြီးရှိတယ်.
ဒါပေမယ့် လုပ်ကြံခံရတယ်...
ငါတို့မှာ ပညာတတ်တွေ အများကြီးရှိတယ်.
ဒါပေမယ့် နေရာပေးခြင်းမခံရဘူး...
ငါတို့မှာ ပိုင်ဆိုင်ခွင့်တွေ အများကြီးရှိတယ်.
ဒါပေမယ့် လုယူဖျက်ဆီးခြင်းခံနေရတယ်..
ငါတို့မှာ ထုတ်ဖေါ်ပြစရာ အမှန်တရားတွေ အများကြီးရှိတယ်.
ဒါပေမယ့် ဖုံးကွယ်ဖျောက်ဖျက်ခြင်း ခံရတယ်..
ဒါတွေဟာ ဘာကြောင့်လဲ????????
ငါတို့တွေဟာ ရိုးသားလွန်းလို့လား??
ငါတို့တွေဟာ ဖေါ်ရွေလွန်းလို့လား??
ငါတို့တွေဟာ သနားတတ်လွန်းလို့လား??
ငါတို့တွေဟာ အယုံလွယ်လွန်းလို့လား??
သေချာတာတစ်ခုကတော့ ငါတို့ကရင်တွေဟာ လူတွေအားလုံးကို ကိုယ့်လိုလူတွေပဲလို့ ထင်ခဲ့ကြလို့ပဲ...
ကိုယ့်စိတ်နဲ့ နှိုင်းပီး လူတွေကို ယုံကြည်ခဲ့ကြလို့ပဲ..
ဒါပေမယ့် သစ္စာမရှိတဲ့ ခွေးစိတ်နဲ့ လူတစ်စုက ငါတို့ကို ရာသက်ပန်
ကျွန်လုပ်ဖို့ စည်းကျော်ခဲ့တယ်. ဒါပေမယ့် သိလိုက်ရတဲ့ အချိန်မှာတော့
နောက်ကျခဲ့ပြီ.. တစ်သက်လုံး ရိုးသားလာခဲ့တဲ့ ငါတို့ကရင်တွေ ကောက်ကျစ်မှုနဲ့
ယုတ်မာတဲ့လူတစ်စုကို မယှဉ်နိုင်ခဲ့ဘူး..
ဒါပေမယ့် ငါတို့မရှုံးပါဘူး..
ဘယ်တော့မှလဲ ရှုံးမှာမဟုတ်ဘူး.. ဘာကြောင့်လဲဆိုတော့ ငါတို့ကရင်တွေဟာ
ဘယ်တော့မှ ဒူးထောက်အညံ့ခံတတ်တဲ့ လူတွေမဟုတ်လို့ပဲ..
ငါတို့ရဲ့ လက်ထဲမှာ အမှန်တရားတွေကို ဆုပ်ကိုင်ထားတယ်..
ငါတို့ရင်ထဲမှာ ဖြူစင်ရိုးသားမှုတွေရှိနေတယ်..
ဒီအတွက် ငါတို့ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး..
ကရင်လူမျိုးများအားလုံး.....
တစ်ခုပဲ သိထားရမှာက ငါတို့ကရင်လူမျိုးတွေဟာ လူမျိုးစု သေးသေးလေးမဟုတ်ဘူး.
တချို့ကတော့ သိနေတယ်
တချို့ကတော့ မေ့နေပြီ
တချို့ကတော့ မသိတော့ဘူး....
သမိုင်းကိုပြန်လေ့လာပါ ငါတို့ကရင်လူမျိုးဆိုတာ တကယ့်လူမျိုးကြီးပဲ..
ငါတို့မှာ ပိုင်ဆိုင်ခွင့်တွေ အများကြီးရှိတယ်. ငါတို့လိုအပ်နေတာ တန်းတူညီတူအခွင့်အရေးပဲ..
မမေ့ပါနဲ့ ငါတို့တွေဟာ ကရင်လူမျိုးတွေပါ......
ငါတို့အနာဂတ် ငါတို့လက်ထဲမှာပဲရှိရမယ်... ငါတို့ဘယ်နေရာ ဘယ်ဘဝရောက်ရောက် ငါတို့ဟာ ကရင်လူမျိုးတွေပါ မမေ့ပါနဲ့....
***ငါတို့ကရင်လူမျိုးတွေအားလုံး ကိုယ့်ကိုယ်ကိုယ် ကရင်လို့ သိလာတစ်နေ့ဟာ ငါတို့ရန်သူတွေအားလုံး ကျဆုံးတဲ့နေ့ပဲ***
®®®®®®®®®®®®®®®
(ကရင့်ပန်းတိုင် လှမ်းအောင်နိုင်ပါစေ)
ကရင်လူမျိုးအားလုံးကို ချစ်တဲ့
Sa' Noble Smile
0 comments:
Post a Comment