Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » နယ်စပ်မြို့အချို့တွင် ဂိမ်းဆိုင်များ ဆက်တိုက်ဖမ်းဆီး

နယ်စပ်မြို့အချို့တွင် ဂိမ်းဆိုင်များ ဆက်တိုက်ဖမ်းဆီး

Written By kawknyaw on Monday, October 28, 2013 | 10/28/2013

ငမန်းဂိမ်းကစားနေသူတစ်ဦး ဓာတ်ပုံ-ကျော်ဇင်သန်း - 7Day Daily
ကရင်ပြည်နယ်တွင် တရုတ်နိုင်ငံသားများက လောင်းကစားဂိမ်းစက်များယူလာကာ စီးပွားရှာနေသည့်ကိစ္စနှင့်ပတ်သက်၍ အထူးအမိန့်ထုတ်သင့်ကြောင်း ပြည်နယ်အစိုးရအဖွဲ့တွင် ဆွေးနွေးပြီးနောက် မြ၀တီနှင့် ကော့ကရိတ်မြို့များ၌ ဂိမ်းဆိုင်များအား ဖမ်းဆီးမှု အရှိန်မြှင့်တင်လိုက်ကြောင်း သတင်းရရှိသည်။

ယခုနှစ် ဇွန် ၁၇ ရက်တွင် ကျင်းပခဲ့သည့် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့ အစည်းအဝေးတွင် ဦးအောင်မြင့်သိန်းက လောင်းကစားနှိမ်နင်းရေး ပြည်နယ်အထူးအမိန့် ပြဋ္ဌာန်းပေးရန် ဆွေးနွေးပြီးနောက် အောက်တိုဘာလအတွင်း ကော့ကရိတ်နှင့် မြ၀တီမြို့ကြီးများတွင် လောင်းကစားဖမ်းဆီးမှုများ အရှိန်တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

““ပြီးခဲ့တဲ့လပိုင်းက ကော့ကရိတ်မြို့ပေါ်မှာ ဂိမ်းစက်တွေဖမ်းတာကို ခရိုင်ရဲတပ်ဖွဲ့ကို လက်နက်ကိုင်အင်အားစုတစ်စုက၀ိုင်းထားလို့ ဖြေရှင်းခဲ့ရသေးတယ်””ဟု ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သိန်းက အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့ သို့ တရုတ်နိုင်ငံသားများက လောင်းကစားဂိမ်းစက်များ တင်သွင်း၍ လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်ယူပြီး ပွဲလမ်းသဘင်များကျင်းပကာ စီးပွားရှာလာသည်မှာ နှစ်များစွာကြာလာပြီးနောက် ယခုအချိန်တွင် ဖမ်းဆီးမှုများ အရှိန်မြှင့်လိုက်ကြောင်း ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောအေးမြိုင်က အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။

““အစကတော့ ဘယ်သူမှ မထိရဲဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မှာစိုးလို့၊ လက်နက်ကိုင်တွေရဲ့မျက်နှာ ကြည့်ရသေးတယ်။ အခုတော့ သူတို့တွေကိုယ်တိုင်က ငယ်သားတွေကို လောင်းကစားနဲ့ မူးယစ်ဆေးဝါးကိစ္စတွေမှာ ၀င်မပတ်သက်ကြဖို့ ပြောပေးလာလို့၊ နောက်ဆို ထာဝရငြိမ်းချမ်းရေးနဲ့အတူ တရားဥပဒေစိုးမိုးရေးပါ ကျွန်တော်တို့ဒေသမှာ တည်မြဲလာမှာပါ”” ဟု ဦးစောအေးမြိုင်က ပြောသည်။အဆိုပါ နှိမ်နင်းမှုတွင် ဘောလုံး၊ ချဲနှင့် ဂိမ်းစက်များ အပါအ၀င် လောင်းကစားပေါင်းစုံကို ဖမ်းဆီးရာတွင် ဂိမ်းစက်များအား သိမ်းဆည်းသော်လည်း ပိုင်ရှင်ကို ဥပဒေအရ အရေးယူမှုမရှိသေးဘဲ ပညာပေးခြင်း စတင် လုပ်ဆောင်ခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၄ ရက် နံ နက် ၇ နာရီအချိန်မှ နာရီဝက်အကြာ ၇ နာရီခွဲအချိန်ထိ ကရင်ပြည်နယ်၊ မြ၀တီမြို့အမှတ်(၄)ရပ်ကွက်၊ အဓိဋ္ဌာန်အောင်ဘုရား မြေကွက်လပ်တွင် လောင်းကစားဂိမ်းစက်မျိုးစုံ ၁၉၉ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် ဖေ့စ်ဘွတ်ခ်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုသို့ဂိမ်းစက်များအား ဖမ်းဆီးမှုမရှိသေးမီက အလယ်တန်းအရွယ် ကျောင်းသားလေးများက ညအချိန်တွင် ဂိမ်းဆိုင်များသို့ ရောက်လာပြီး လောင်းကစားလုပ်ရင်း မူးယစ်ဆေးဝါးများသုံးစွဲကာ ခိုက်ရန်ဖြစ်ပွားမှုများရှိခဲ့ကြောင်း မြ၀တီမြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

7Day Daily
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger