ထိုင်နေတဲ့တယောက်က မောင်ချစ်သူ ထနေတဲ့တယောက်ကတော့ ကျော်သန်း အပေါ်က
ပုံကတော့ ဘမျိုးချစ်ကရင်မလေးတယောက်ရဲ့ ပရိုဖိုင်ပုံပါ မောင်ချစ်သူဆိုတာက
ဘုန်းကြီးကျောင်း ၂နှစ်လား ၃နှစ်လား ဒါဘဲနေဖူးတယ် ဗမာစာနဲနဲဖတ်တတ်တယ်
မရေးတတ်ပါဘူး KNU မှာနေတုန်းက တပ်ခွဲမှူး အဆင့် ဗဟိုက ခန့် အပ်တာမဟုတ်ဘဲ
အဖါးကောင်းလို့  ထင်မောင်ပေးအပ်ခဲ့တာပါ ဖွတ်ဗျူဟာမှူးတယောက်ကို
အဖေခေါ်ထားလို့  ဖွတ်ညွန်ကြားတဲ့အတိုင်းလိုက်လုပ်တာ(မူးရစ်ဆေးဝါးရောင်းဝယ်ရေးနှ င့် သစ်ခိုးထုတ်ရေး) သူဋ္ဌေးဖြစ်သွားတယ် ငွေရှိတော့ အင်အားစုဆောင်းနိုင်တယ် စာတတ်ပေတတ်တဲ့ တချို့ ကရင်တွေ သူ့ လက်အောက်မှာကျရောက်သွားတယ်။ ကျော်သန်းဆိုတာကတော့ အပတ်စဉ်၂ ဗိုလ်သင်တန်းဆင်း KNUမှာပြန်တန်းဝင် ဗိုလ်တယောက်ဖြစ်ပါတယ်(ဒီထက်သေချာသိတဲ့လူရှိရင် ဖေါ်ပြပေးပါ သူနဲ့ မသိပါဘူးပြောသံကြားယုံပါဘဲ) သူတို့ နှစ်ယောက်ရဲ့ တူညီတာကတော့ အမျိုးသားသစ္စာဖေါက်ပါဘဲ KNU မှာနာမည်ကြီးနေတဲ့ ပဒိုမန်းရှာကိုလုပ်ကြံလိုက်တဲ့သူဟာကျော်သန်းဖြစ်ပါတယ် သူ့ ကိုဖွတ်တွေကငွေတွေထုတ်ပေးပြီး KNU သစ္စာဖေါက်ဆန်ုပြုတ်ကို အသုံးချပါတယ် ဆန်ပြုတ်ကလဲဘဲ မွန်းခိုးဆိုတဲ့ထိုင်းပုလိပ်နဲ့ ပေါင်းပြီး လုပ်ကြံနိုင်ခဲ့ပါတယ် ကျော်သန်းသူဋ္ဌေးဖြစ်သွားတယ် KNU တပ်မဟာ7 ကိုဖွတ်တွေတက်သိမ်းတော့ သူတို့ ကိုအသုံးချပါတယ် ကျော်သန်းက ဖွတ်စီကရတဲ့ငွေနဲ့  ထိုင်းနိုင်ငံဖက်က တာဝန်ရှိတဲ့သူတွေကိုပေးပြီးဆက်သွယ်ရေးမှန်သမျှ အားလုံးပိတ်ခိုင်းခိုက်ပါတယ် မောင်ချစ်သူနဲ့ ဆန်ပြုတ်တပ်ကတော့ မြေပြင်မှာရှေးတန်းတက်ပြီး ဖွတ်တွေကတော့ နောက်ကနေ လက်နက်ကြီးနဲ့  ကူပစ်ပေးခဲ့ပါတယ် တပ်မဟာ7 မှူးကတော့ ကရင်အချင်းချင်းမသတ်ချင်တာရယ် ကိုယ့်မှာရှိတဲ့ ရဲဘော်တွေရဲ့အသက်ကို အရှုံးမခံနိုင်တာရယ်ကြောင့် ဆုတ်ခွါပေးလိုက်ရပါတယ် သူတို့ သိမ်းပိုက်ပြီးပြန်တော့ ဆန်ပြုတ်က အဲဒိနေရာကို တာဝန်ယူစခန်းထိုင်မယ်လို့ ဖွတ်အရာရှိကြီးစီကနေခွင့်တောင်းတော့ မောင်ချစ်သူက မကျေနပ်ဘဲ လမ်းမှာပြန်တော့ မောင်ချစဟ်သူအဖွဲ့ ကအရင်ပြန်ပြီးလမ်းမှာစောင့်ကြိုပစ်သတ်ခဲ့ပါတယ်တလှေထဲအတူစီးလာတဲ့ဆန်ပြုတ်တို့  အားလုံးသေသွားပါတယ် နောက်ဆုံးပြောချင်တာကတော့ ကရင်ပြည်နယ်မှာမွေးပြီး ဗမာစကားကောင်းကောင်းမပြောတတ်တဲ့ မောင်ချစ်သူနဲ့ ကျော်သန်းထက်စာရင် ဗမာတောမှာ တအိမ်ထဲရှိပြီး ကရင်စာနဲ့ ကရင်စကားကိုကြိုးစားသင် ကိုယ့်အမျိုးဖက်ကိုတချိန်လုံးရပ်တည်ပေးနေတဲ့ သာမန် မိန်းခလေးတယောက်ကို ပိုပြီးလေးစားမိတာ အမှန်ပါဘဲ —
Home »
ဆောင်းပါးကဏ္ဍ
» ဗိုလ်ချစ်သူအကြောင်တစ်စိတ်တစောင်း
ဗိုလ်ချစ်သူအကြောင်တစ်စိတ်တစောင်း
Written By kawknyaw on Friday, October 11, 2013 | 10/11/2013
Labels:
ဆောင်းပါးကဏ္ဍ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment