Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ဗုံးပေါက် ကွဲမှုများ KNU ညွှန်ကြားချက် မဟုတ်ဟု ဗဒို မန်းငြိမ်းမောင်ဆို

ဗုံးပေါက် ကွဲမှုများ KNU ညွှန်ကြားချက် မဟုတ်ဟု ဗဒို မန်းငြိမ်းမောင်ဆို

Written By kawknyaw on Sunday, October 27, 2013 | 10/27/2013

Written by  ဖြူဖြူကို
ကရင် အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ လူထု တွေ့ဆုံပွဲ ကျင်းပ နေစဉ် ကရင် အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ လူထု တွေ့ဆုံပွဲ ကျင်းပ နေစဉ် ဓါတ်ပုံ - (ဒိုင်ဗင်)
ရန်ကုန်မြို့ ကုန်သည် ကြီးများ ဟိုတယ်နှင့် မန္တလေး၊ ပဲခူး တို့၌ ယခု အောက်တိုဘာ လအတွင်း ဖြစ်ပေါ် ခဲ့သည့် ဗုံးပေါက်ကွဲမှု များသည် ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့၏ ညွှန်ကြားချက် မဟုတ်ကြောင်း ဗဟို အမြဲတမ်း ကော်မီတီ ဗဒို မန်းငြိမ်းမောင်မှ ကရင် အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ လူထု တွေ့ဆုံ ပွဲတွင် ရှင်းလင်း ခဲ့ကြောင်း ၄င်း တွေ့ဆုံ ပွဲကို တက်ရောက် ခဲ့သူ တစ်ဦးမှ ပြောသည်။
အဲဒီ ဆွေးနွေး ပွဲမှာ တက်ရောက် လာတဲ့ ကိုယ်စားလှယ် တဦးက မေးလိုက် တာပါ။ ရန်ကုန်၊ ပဲခူး ဗုံးဖောက် ခွဲမှုမှာ KNU ပြုလုပ်တာ ဟုတ်မဟုတ် အမေး ကိုတော့ ပဒိုမန်းငြိမ်း မောင်က အဲဒီ ကိစ္စ KNU ညွှန်ကြားတာ မဟုတ်ဘူး။ အစိုးရ ကတော့ ဖမ်းမိ တာတော့ ရှိတာပေါ့ ဒါပေမဲ့ ဘယ်သူ လုပ်သလဲ ဆိုတာ ကိုတော့ သတင်း အတိကျ မရ သေးဘူးလို့ ရှင်းပြ သွားခဲ့တယ် ” ဟု ကရင် နယ်ခြား စောင့်တပ် (BGF) ဗဟို ကွပ်ကဲ ရေးနှင့် ကုန်သွယ်ရေး ဌာနမှ ဒုတိယ ဗိုလ်မှူးကြီး စောတင်ဝင်းက ပြောသည်။
၎င်းကိစ္စအား ရွှေဟင်္သာ သတင်းဌာနမှ ဗဒို မန်းငြိမ်းမောင်အား တိုက်ရိုက် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ၄င်းမှ ဖြေကြားရန် ငြင်းဆို ခဲ့ပါသည်။
အောက်တိုဘာလ (၂၆) ရက်နေ့၌ ကရင် ပြည်နယ် မြ၀တီမြို့ သောင်းရင်း ခန်းမ၌ ၄င်း (Karen Unity and Peace Consultation) လူထူ တွေ့ဆုံ ပွဲကို ကျင်းပ ခဲ့ကာ ပြည်တွင်း ဗုံးဖောက် ခွဲမှု ကိစ္စသည် ကရင် အမျိုးသား အစည်း အရုံး KNU လက်ချက် ဟုတ်မဟုတ် တက်ရောက် သူများက မေးမြန်း ခဲ့သည်ကို ဖော်ပြပါ ကဲ့သို့ ဗဒို မန်းငြိမ်း မောင်မှ ပြန်လည် ဖြေကြား ခဲ့ခြင်း ဖြစ်ကြောင်း ကရင် နယ်ခြား စောင့်တပ် (BGF) ဗဟို ကွပ်ကဲ ရေးနှင့် ကုန်သွယ်ရေး ဌာနမှ ဒုတိယ ဗိုလ်မှူးကြီး စောတင်ဝင်းက ဆိုပါသည်။
ယခု ကျင်းပ ခဲ့သည့် မြ၀တီမြို့ ကရင် အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ လူထု တွေ့ဆုံပွဲ ဖြစ်မြောက် ရေးကို မြ၀တီမြို့ရှိ (Karen Unity and Peace Consultation) ဖြစ်မြောက်ရေး အဖွဲ့မှ ကြီးမှူး ခဲ့ခြင်း ဖြစ်ပါသည်။ ယင်း တွေ့ဆုံ ပွဲသို့ ကရင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည့် KNU DKBA BGF KPF ၊ ပဒို့ အောင်ဆန်း ဘုရားကုန်း အဖွဲ့နှင့် KNU/KNLA -PC ကိုယ်စားလှယ် ခေါင်းဆောင်များ၊ ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ကရင် လွှတ်တော် အမတ်များ၊ ကရင် တိုင်းရင်းသား ရေးရာ ၀န်ကြီး ၊ မွန်တိုင်းရင်းသား ရေးရာ ၀န်ကြီး၊ နယ်စပ် ဒေသမှ ကရင် အခြေပြု လူမှု အဖွဲ့အစည်းများ ၊ကရင်ပြည်နယ် အစိုးရ အဖွဲ့မှ ကရင် ၀န်ကြီးများ၊ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး၊ လှိုင်းဘွဲ၊ မြ၀တီ၊ သံတောင်၊ ကျောက်ကြီး စသည့် မြို့နယ် များမှ ကိုယ်စား လှယ်များ စုစုပေါင်း ၄၀၀ ၀န်းကျင် တက်ရောက် ခဲ့ပါသည်။
ထိုတွေ့ဆုံ ပွဲ၌ပင် လက်ရှိ မြန်မာ နိုင်ငံရေး အခြေနေ၊ ကရင်ပါတများ၏ အခြေ အနေနှင့် လုပ်ဆောင် ခဲ့သည့် အခြေအနေ များကိုလည်း လူထုအား ရှင်းလင်း တင်ပြ ခဲ့ရာ ကရင် လူထု များ၏ သဘောထား ဆန္ဒနှင့် အကြံ ပြုချက် များကို ဖိတ်ခေါ် ခဲ့သည်ဟု ဆိုပါသည်။
ဖလုံစဝေါ ပါတီ၏ သဘော ထားသည် လက်ရှိ ကျင်းပ ခဲ့သော ကရင် အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ လူထု တွေ့ဆုံ ပွဲသည် မိမိတို့ ကရင် အချင်းချင်း စည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး အတွက် ရည်ရွယ် ကျင်းပ ခဲ့ခြင်း ဖြစ်သည်ဟု ဖလုံစဝေါ ဒီမိုကရက်တစ် ဒုတိယ ပါတီ ဥက္ကဋ္ဌ မန်းအောင် ပြည့်စိုးက ဆိုပါသည်။
ထို့အတူ KNU သည် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်၊ကရင် တော်လှန်ရေး သမိုင်းကြောင်း၊ KNU ရှေ့ဆက် လုပ်ဆောင် ရမည့် ကိစ္စ၊ ကရင် အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ် ရေး၌ ထားရှိ သင့်သည့် သဘော ထားကို လူထုအား အသိပေး တင်ပြ ခဲ့သည်ဟု ပဒို့စောလှ ထွန်းက ဆိုပါသည်။ ပြည်သူ များကလည်း လက်ရှိ ဖြစ်ပေါ်နေသည့် လယ်ယာမြေ ပြသနာ အခြေအနေ များနှင့် ငြိမ်းချမ်းရေး ကိစ္စများကို အကြံပြု ဆွေးနွေး တင်ပြ ခဲ့ကြ ပါသည်။
အလားတူ BGF အနေ နှင့်လည်း ၄င်းတို့၏ လုပ်ငန်း အကောင်အထည် ဖော်မှု တိုင်းသည် ကရင် လူထု အကျိုး အတွက် အဓိက လုပ်ဆောင် ခဲ့ကြ သလို ကရင် အမျိုးသား စည်းလုံး ညီညွတ် ရေးအတွက် ကိုလည်း ပူးပေါင်း ဆောင်ရွက် မှုများ ဆောင်ရွက်လျှက် ရှိခဲ့ကြောင်း ဒုတိယ ဗိုလ်မှူးကြီး စောတင်ဝင်းက ဆိုပါသည်။
ဆွေးနွေးပွဲ အစီအစဉ် များမှာ ၁) ကရင် အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် ပတ်သတ်သည့် ကိစ္စ ၂) တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် ကိစ္စ၊ ၃) ကရင် လက်နက်ကိုင် အဖွဲ့ အစည်းများ ပေါင်းစည်း ညီညွတ် နိုင်ရေး ကိစ္စ၊ ၄) ကရင် နိုင်ငံရေး ပါတီများ ပေါင်းစည်း ညီညွတ် နိုင်ရေး ကိစ္စနှင့် ၅) ကရင် ပြည်သူ လူထု ဘ၀ သာယာ ၀ပြောရေးနှင့် အနာဂတ် တည်ဆောက်ရေး ကိစ္စတို့ ဖြစ်သည်။
တက်ရောက် လာသော ကိုယ်စားလှယ် များကလည်း
အထူးသဖြင့် ကရင် လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်း ရေးနှင့် ကရင် နိုင်ငံရေး ပါတီများ ပြန်လည် ပေါင်းစည်း ရေးကို တိုက်တွန်း ခဲ့ကြ ပါသည်။
အလားတူ ဘားအံမြို့၊ လှိုင်းဘွဲ မြို့နယ်၊ ပဲခူးမြို့ ၊ သထုံမြို့ ၊ ရန်ကုန်မြို့ ၊ ထားဝယ် မြို့နှင့် မြိတ်မြို့ တို့တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး ဖြစ်သည့် တွေ့ဆုံ ပွဲတိုင်း တွင်လည်း ကရင် လက်နက်ကိုင် များနှင့် ပါတီများ ပေါင်းစည်း နိုင်ရေးနှင့် တပါတီ ဖြစ်လာ ရေးကို အကြံပြု ခဲ့ကြ သည်ဟု ဖလုံ-စဝေါ ပါတီမှ မန်းအောင်ပြည့်စိုးက ဆိုပါသည်။
ဤကဲ့သို့ ကရင် အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ လူထု တွေ့ဆုံ ပွဲကို ကျင်းပ လာခဲ့သည့် အပြင် ဆက်လက် ကျင်းပ သွားရန်လည်း ရှိနေ ပါသည်။ ဤသို့ကြောင့် လာမည့် နိုဝင်ဘာ (၂) ရက် နေ့တွင် မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ် ၀ဲခမိ ကျေးရွာတွင် ထပ်မံ ကျင်းပရန် ရည်ရွယ် ထားပါသည်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger