Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ဗုံးဖောက်ခွဲသူများ ရွှေတီဂုံတီတော်ကို ဖောက်ခွဲရန် အစီစဉ်ရှိခဲ့ဟု KNUဆို

ဗုံးဖောက်ခွဲသူများ ရွှေတီဂုံတီတော်ကို ဖောက်ခွဲရန် အစီစဉ်ရှိခဲ့ဟု KNUဆို

Written By kawknyaw on Sunday, October 20, 2013 | 10/20/2013


ရန်ကုန်။ အောက်တိုဘာ ၂၀

ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ရက်ဆက်ဗုံးဖောက်ခွဲသူများသည် ရွှေတီဂုံစေတီတော်မြတ်ကိုပါ ဖောက်ခွဲရန် အစီအစဉ်ရှိခဲ့ကြောင်း KNUအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ကျင်းပသော ဗုံးပေါက်မှုနှင့် ပတ်သတ်ပြီး KNUဘက်မှ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။

ယင်းဖောက်ခွဲရေးသမားများသည် ရွှေတိဂုံစေတီတော်မြတ်ကို ပြီးခဲ့သည်အောက်တိုဘာ၁၆ရက်နေ့(ဘာသာရေးနေ့) တွင် ဖောက်ခွဲရန် စီစဉ်ခဲ့သော်လည်း ဖောက်ခွဲ ရေးသမားသည် မဖောက်ခွဲဖြစ်ခဲ့ကြောင်း။ဖောက်ခွဲရေးသမားများသည် ဘာသာရေးအဆောက်အအုံများကို အဓိကထား ဖောက်ခွဲရန်ပစ်မှတ်ထားပြီး နိုင်ငံရေးတည်ငြိမ်မှုကို ပျက်ပြားအောင် ပြုလုပ်လိုကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုများတွင် တရားခံဟုယူဆပြီး ဖမ်းဆီးထားသော စောမင်းနွယ်နှင့် KNUအဖွဲ့ဝင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

ရက်ဆက် ဗုံးဖောက်ခွဲမှုကြောင့် ထိခိုက်နစ်နာသူများအတွက် KNUအဖွဲ့ဝင် အချို့သွယ်ဝိုက်ပတ်သတ်မှု ရှိသဖြင့် တောင်းပန်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အထင်ကရ တန်ခိုးကြီးဘုရားများကို ဖောက်ခွဲရန် အစီအစဉ်များရှိကြောင်း ဖမ်းဆီးခံရသူ နှင့် ညှိုနှိုင်းဆွေးနွေးစဉ် သိခဲ့ရကြောင်း ၎င်းကရှင်းလင်းပြောကြားသည်။

People power
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger