Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » မောင်တောအကြမ်းဖက်မှု မွတ်စလင်ရွာသား ၈၄ ဦးကို ဖမ်းဆီးစစ်ဆေး

မောင်တောအကြမ်းဖက်မှု မွတ်စလင်ရွာသား ၈၄ ဦးကို ဖမ်းဆီးစစ်ဆေး

Written By kawknyaw on Saturday, January 18, 2014 | 1/18/2014

sittwe-riot-police2-b305
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော လူမျိုးရေး ဘာသာရေး ပဋိပက္ခမှုများဖြစ်ပေါ်နေစဉ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ စစ်တွေမြို့တွင်း ကင်းလှည့် စောင့်ကြပ်နေစဉ်။
By -RFA 
 
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန် မွတ်စလင်ကျေးရွာမှာ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ ရဲအရာရှိတစ်ဦး အကြမ်းဖက်ခံရပြီး ပျောက်ဆုံးနေ တဲ့ကိစ္စနဲ့ ဆက်နွယ်ပြီး ဒုချီးရာတန်ကျေးရွာက မွတ်စလင် ၈၄ ဦးကို အာဏာပိုင်တွေဘက် က ခေါ်ယူစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်တွေ အပေါ်မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က အခုလိုပြောပါတယ်။

"အဲဒီအမှုနဲ့ ပတ်သက်ပြီး အဲဒီရွာမှာရှိတဲ့ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီး၊ လူငယ် စုစုပေါင်း ၈၄ ယောက်ကို ခေါ်ယူပြီးတော့ စစ်ဆေးနေတုန်းပဲရှိသေးတယ်၊ ဖမ်းထားတာမရှိသေးဘူး၊ ဒီ ၈၄ ဦးထဲမှာလည်း ပါဝင်ပတ်သက်မှုမရှိရင်တော့ ပြန်လွှတ်ပေးမှာပေါ့၊ ပါဝင်ပတ်သက်မှုရှိတယ် ပြစ်မှု ကျူးလွန်တယ်ဆိုရင်လည်း သူတို့ဆက်ပြီးအရေးယူဖို့ ဆောင်ရွက်ပါလိမ့်မယ်"


လောလောဆယ် ဒုချီးရာတန်ရွာခံတွေကို စစ်ဆေးပေါ်ပေါက်ချက်တွေ အပေါ်မူတည်ပြီး ရှာဖွေရာမှာ ဂေါ်ဒူသာရချောင်းကမ်းစပ်နဲ့ ဒုချီးရာတန် အီစလန်အမည်ရ ဗလီအနီးတစ်ဝိုက်မှာ ရဲတပ်ကြပ်ကြီးရဲ့ ယူနီဖောင်းတန်ဆာအချို့ကို သဲလွန်စအဖြစ် ရှာဖွေသိမ်းဆည်းရမိပေမယ့် လက်နက်နဲ့အတူ ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးကိုတော့ ဒီကနေ့အချိန်အထိ ရှာဖွေမတွေ့ရှိရသေးကြောင်း ဦးဝင်းမြိုင်က ပြောပါတယ်။

မောင်တောခရိုင် ခရေမြိုင်ရဲကင်းက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ညက် ဒုချီးရာတန် မွတ်စလင်ကျေးရွာမှာ လုံခြုံရေးကင်းလှည့်စဉ် အကြမ်းဖက်တိုက်ခိုက်ခံရကာ ရဲတပ်ကြပ်ကြီးတစ်ဦး လက်နက်နဲ့အတူ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ မီဒီယာတွေရဲ့ ထုတ်လွှင့်ချက်ဟာ ဖြစ်စဉ်အမှန်နဲ့ လွဲချော်နေသလို မွတ်စလင်တွေ အများအပြား အကြမ်းဖက်ခံရပြီး သေဆုံးခဲ့တဲ့ကိစ္စရပ်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက မနေ့ကရက်စွဲနဲ့  ပူးတွဲကြေငြာချက် ထုတ်ပြန်တဲ့ကိစ္စဟာလည်း သတင်းအခြေအမြစ်မရှိတဲ့ ထုတ်ပြန်ချက်သာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ လုံးဝကန့်ကွက်ရှုတ်ချကြောင်း ဦးဝင်းမြိုင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger