Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွ မဲရုံတွေကို ပိတ်ဆို့ ဆန္ဒပြ

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွ မဲရုံတွေကို ပိတ်ဆို့ ဆန္ဒပြ

Written By kawknyaw on Sunday, January 26, 2014 | 1/26/2014


ထိုင်းနိုင်ငံအတွင်း မဲပေးမယ့်နေ့မှာ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ မရှိနိုင်တဲ့လူတွေအတွက် ကနဦး မဲပေးမှုတွေ ဇန်န၀ါရီ ၂၆ ရက်က စတင်နေလို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက မဲပေးမှုကို နှောက်ယှက်ဖို့ မဲရုံ အနည်းဆုံး တရုံရှေ့မှာ စုရုံး ရောက်ရှိနေပါပြီ။

Thai Protestမဲပေးမယ့် အဆောက်အဦထဲကို နောက်ထပ်လူတွေ ၀င်လို့မရအောင် တားဆီးဖို့ ဆန္ဒပြသူတွေက ၀င်ပေါက်ကို သော့ခတ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ မဲရုံတွင်းမှာတော့ လူတွေက ဆက်မဲပေးလျက်သား ရှိခဲ့ကြပါတယ်။ တကယ်လို့ ဆန္ဒပြသူတွေက ထွက်မသွားရင် မဲပေးမှုကို ရပ်ဆိုင်းထားကောင်း ထားရလိမ့်မယ်လို့ ရတ်ချသေ၀ီ ခရိုင်အုပ်ချုပ်ရေးရုံး ညွှန်မှူး လက်ကနာ ရော့ဂျနာဝမ်က ပြောပါတယ်။

မဲရုံတွေကို ပိတ်ဆို့တာ တရားမ၀င်ဘူးဆိုတာကို သူတို့ကို အသိပေးပြီး ညှိနှိုင်းရလိမ့်မယ် ဒါပေမယ့် သူတို့ ဆက်လုပ်နေရင်တော့ မဲပေးမှုကို ဆက်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ဆန္ဒပြသူတွေက အစိုးရရုံးတွေကို ပိတ်ဆို့တာနဲ့ အထွေထွေ ရွေးကောက်ပွဲရဲ့ ကနဦး မဲပေးမှုတွေကို နှောင့်ယှက်တာတွေ မလုပ်ကြဖို့ ဇန်န၀ါရီ ၂၅ရက်နေ့က ပြောခဲ့ပါတယ်။ ဘန်ကောက်လမ်းတွေကို ရှင်းဖို့ အကြမ်းဖက်တဲ့နည်းကို မသုံးဘူးလို့လည်း ကတိပေးခဲ့ကြ ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်လခ်ရှင်နာဝပ်ကတော့ ဆန္ဒပြသူတွေရဲ့ တင်းမာမှုတွေကို ဖြေလျော့တဲ့ အနေနဲ့ သူ့ရဲ့ပါတီက နိုင်ဖို့ သေချာသလောက် ရှိတဲ့ ဖေဖော်ဝါ၇ီ ၂ ရက်နေ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို ရွှေ့ဆိုင်းဖို့ ဖြစ်နိုင်ချေကို အခြေခံ ဥပဒေခုံရုံးက ဇန်န၀ါရီ ၂၄ရက်က ဖွင့်ပေးခဲ့ပေမယ့် ဖေဖော်ဝါရီ ၂ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကတော့ ဆက်လုပ်မလုပ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရွေးကောက်ပွဲ ကော်မရှင်ရော အခြေခံဥပဒေခုံရုံးကပါ အတိုက်အခံတွေကို မျက်နှာသာပေးနေ တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။

By ဒီဗွီဘီ


Share this article :

2 comments:

kubrahameed said...

Myanmar Idol Season 4 Top Result Live Full Show
Myanmar Idol Season 4 Live Full Show

Pakistan Education News Read Online Books NTS Results
itnewsnet.com/

kubrahameed said...

Myanmar Idol Season 4 Top Result Live Full Show
Myanmar Idol Season 4 Live Full Show

Pakistan Education News Read Online Books NTS Results
itnewsnet.com/

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger