
သပိတ်တား နိုင်သည့် ဥပဒေ တရပ် ထုတ်ပြန်ထား သော်လည်း ၀န်ကြီးချုပ်သည် နာကြည်း မုန်းတီးမှု များ တိုးပွား စေသည့် အပြော အဆိုမျိုး ၊သဘောထား ကွဲလွဲမှု တင်းမာမှု များ ပိုဖြစ် လာ ရန်တွန်း အား ပေးသည့် စကားလုံး မျိုး ကိုရှောင်ကြဉ် ကြရန် တောင်းပန်ကြောင်း ၀န်ကြီးချုပ် ယင်လတ်ခ် ချင်န၀ပ်က သ တင်း ထောက်များအား ယနေ့နေ့ လည် ပိုင်းတွင် ပြောဆိုခဲ့ ပါသည်။
တင်းမာ မှုများကို အားလုံး မျက်နှာချင်း ဆိုင်တွေ့ ဆုံဆွေးနွေးခြင်း ဖြင့်အဖြေရှာ သင့်ကြောင်း၊ ဤအတွက် တွေ့ ဆုံ ဆွေး နွေး နိုင်ရန် တံခါးအားလုံး ဖွင့် ထား ကြောင်း ဆိုပါခဲ့ ပါသည်။ ထို့အပြင် လူတစ်ဦး ချင်း၏ ကိုယ်ပိုင်လွတ် လပ်ခွင့် များကို လေးစားလိုက်နာ စေချင်ကြောင်း ဆန္ဒပြ သူများ အပေါ်လည်း နား လည်မှု ရှိပြီး သီးခံတရား ရှိ ပါကြောင်း ဆို သွား ခဲ့ခြင်း ဖြစ်ပါသည်။
ဝန်ကြီးချုပ်က အထက်ပါ ကဲ့သို့ ပြောနေသော် လည်း အရေးပေါ် ကြေညာ ချက် ဥပဒေ အတိုင်း ဖွဲ့စည်းထား သည့် ငြိမ်ဝပ်ပိပြား ရေးအဖွဲ့ အုပ်ချုပ်ရေး မှူး ချလုံယူဘမ်း ရုမ်းကမူ ဆန္ဒပြ ခေါင်းဆောင် များကို တလ အတွင်း ဖမ်းဆီး မည် ဖြစ်သလိုဆန္ဒပြပွဲ အား အကူ အညီပေး သူများ ကို ပါ အရေးယူ သွားမည်ဟု ထုတ်ဖေါ် ပြောကြား ထားပါသည်။ သို့သော်လည်း နောက် ပိုင်းတွင် အထက်ပါ စကားကို ပြန်လည် ရုတ်သိမ်း သွားခဲ့ပါ သည်။
ဝန်ကြီးချုပ် သည် ဘန်ကောက် မြို့နှင့် အနီးအနား မြို့ တချို့ အပေါ် သပိတ်တား ဆီးနိုင်သည့် ဖမ်းဆီး အရေးယူ မှု ပြု လုပ်နိုင် သည့် ရက်ပေါင်း (၆၀) အတိုင်း အတာ ရှိသည့် ဥပဒေ တရပ်ကို ယမာန်နေ့ (၂၂ရက်နေ့) တွင် အရေးပေါ် ထုတ်ပြန်ခဲ့ ပါသည်။ သို့သော်လည်း ဆန္ဒပြနေသည့် ဘန်ကောက် မြို့ပေါ် သပိတ် စခန်း (၇) နေရာ အပြင် မြို့ပြင် တွင်လည်း ဆက်လက် ဆန္ဒပြနေပြီး များသထက် များလာနေပါသည်။
နယ်မြို့တွင်လည်း လယ်သမားများ လမ်းပိတ် ဆို့ပြီး ဆန္ဒပြနေ ပါသည်။ စပါးအပေါင် ပေးထားသည့် ကိစ္စ (၅)လကျော် လာပြီးဖြစ် သော်လည်း ယခုထိ ငွေ မချေ သေး သဖြင့် အစိုးရအား ဆန္ဒပြကြ ခြင်း ဖြစ်ပါ သည်။
ထိုင်း
တပ်မတော် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျန်းအိုးချား ကမူ အစိုးရ၏
အရေးပေါ် ထုတ်ပြန်ချက် အား ဝေ ဖန်စရာ အကြောင်း မရှိကြောင်း၊ တင်းမာမှုများ
ပြင်းထန်လာမည် ဆိုပါက စစ်တပ်မှ ၀င်ရောက် ဖြေရှင်းရ လိမ့်မည်ဟု ဆိုပါသည်။
စစ်တပ်သည်
တွေ့ဆုံ ဆွေးနွေးမှု ဖြင့် ဖြေရှင်းခြင်း သာ မြင်လို ကြောင်း၊ တဖက် သတ်
မှန်သည်။ တဖက်သတ် မှား သည် အဖြစ်မျိုး မဖြစ်သင့်ကြောင်း၊ အကယ် ၍ နောက်ဆုံး
တွင် တင်းမာမှုကို မည်သို့မှ မဖြေရှင်း နိင်ပါက စစ်တပ်မှ ၀င် ရောက်
ဖြေရှင်း ရလိမ့်မည်ဟု ဆိုသွားပါ သည်။
ထိုင်းနိုင်ငံ ဆန္ဒပြမှု သည် (၃)ထဲသို့
ရောက်ရှိလာ ပါသည်။ အတိုက် အခံ ဆန္ဒပြသူ များသည် အစိုးရနှုတ် ထွက်ပြီး
ကြားဖြတ် ကောင်စီ တရပ်ဖွဲ့ စည်း ကာ အား နည်း နေသော ဥပဒေ များကို ပြင်ဆင်
ရန် တိုက်တွန်းခဲ့ ပါသည်။ အစိုးရ ကမူ ဖေဖေါ်ဝါရီ (၂)ရက်နေ့
ရွေးကောက် ပွဲမှ တက်လာသော ကိုယ်စားလှယ် များက ယင်း အားနည်းနေသော ဥပဒေ
များကို ပြင်ဆင်သွား မည်ဟု ဆိုပြီး ရွေးကောက်ပွဲ ကျင်းပရန် ကြံဆောင်
နေကြပါသည်။ ဤကဲ့သို့ အငြင်းပွား နေရာမှ သွေးထွက် သံယိုမှု ဖြစ်ပွား လာကာ
ယနေ့အထိ နိုင်ငံရေး တင်းမာနေဆဲ ဖြစ်ပါသည်။
ဤကဲ့သို့ (၃)ကြာ အငြင်းပွား လာခဲ့ သော ပြသနာကို ယနေ့ အထိ တွေ့ဆုံဆွေးနွေး နိုင်ခြင်း မရှိသေးပေ။ လူစုခွဲရန် အ စိုးရက ရက်ပေါင်း (၆၀) ဥပဒေ တရပ် ထုတ်ပြန်ခဲ့ သော်လည်း အသက်ဝင် လိမ့်မည် မထင်ကြောင်း ဆန္ဒပြသူ များက ဆိုနေပါသည်။
0 comments:
Post a Comment