By ဒီဗွီဘီ
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က လက်ဘနွန်စားသောက်ဆိုင်တဆိုင်မှာ ဇန်န၀ါရီ ၁၇ ရက်နေ့ညက အသေခံဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပြီလို့ ဆိုပါတယ်။
နိုင်ငံခြားသား
၁၃ ဦး သေဆုံးသူတွေထဲမှာ ပါဝင်ခဲ့ပြီး အိုင်အမ်အဖ်ကိုယ်စားလှယ်တဦးနဲ့
ကုလသမဂ္ဂ၀န်ထမ်း ၄ ဦးလည်း သေဆုံးခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။ ဘာလီဘန်တွေက
ဖောက်ခွဲမှုအတွက် တာဝန်ရှိတယ်လို့ ကြေညာခဲ့ပြီး ပြီးခဲ့တဲအပတ်က
ပါရှဝါပြည်နယ်အတွင်း အရပ်သားတွေ သေဆုံးခဲ့တဲ့
လေကြောင်းတိုက်ခိုက်မှုတွေအတွက် လက်စားချေတာဖြစ်တယ်လို့ ဆိုပါတယ်။
ကဘူးမြို့လယ်က အဆိုပါ လက်ဘနွန်စားသောက်ဆိုင်ဟာ နိုင်ငံခြားသားတွေ အသွားများပြီး ညစာစားသောက်ချိန် ည ၇ နာရီခွဲမှာ တာလီဘန်တဦးက အသေခံဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ကနေဒါနိုင်ငံသား ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
ဗုံးပေါက်ကွဲပြီးတာနဲ့ သေနတ်သမား ၂ ဦးကလည်း မိနစ် ၂၀ လောက် ၀င်ရောက် ပစ်ခတ်သွားသေးတယ်လို့ ဆိုပါတယ်။
စားသောက်ဆိုင် စားဖိုမှူးက အရှေ့က ပေါက်ကွဲသံ၊ ပစ်ခက်သံတွေကြောင့် ခေါင်မိုးပေါ် တက်ပြေးခဲ့ပြီး မီးခိုးခေါင်းတိုင်ထဲမှာ ၂ နာရီကြာလောက် ပုန်းနေခဲ့ရတယ်လို့ ဆိုပါတယ်။ အာဖဂန်သမ္မတ ကာဇိုင်းက တိုက်ခိုက်မှုအတွက် ချက်ချင်းပဲ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က လက်ဘနွန်စားသောက်ဆိုင်တဆိုင်မှာ ဇန်န၀ါရီ ၁၇ ရက်နေ့ညက အသေခံဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပြီလို့ ဆိုပါတယ်။

ကဘူးမြို့လယ်က အဆိုပါ လက်ဘနွန်စားသောက်ဆိုင်ဟာ နိုင်ငံခြားသားတွေ အသွားများပြီး ညစာစားသောက်ချိန် ည ၇ နာရီခွဲမှာ တာလီဘန်တဦးက အသေခံဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ကနေဒါနိုင်ငံသား ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
ဗုံးပေါက်ကွဲပြီးတာနဲ့ သေနတ်သမား ၂ ဦးကလည်း မိနစ် ၂၀ လောက် ၀င်ရောက် ပစ်ခတ်သွားသေးတယ်လို့ ဆိုပါတယ်။
စားသောက်ဆိုင် စားဖိုမှူးက အရှေ့က ပေါက်ကွဲသံ၊ ပစ်ခက်သံတွေကြောင့် ခေါင်မိုးပေါ် တက်ပြေးခဲ့ပြီး မီးခိုးခေါင်းတိုင်ထဲမှာ ၂ နာရီကြာလောက် ပုန်းနေခဲ့ရတယ်လို့ ဆိုပါတယ်။ အာဖဂန်သမ္မတ ကာဇိုင်းက တိုက်ခိုက်မှုအတွက် ချက်ချင်းပဲ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
0 comments:
Post a Comment