Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » TNLA နယ်မြေ ထဲမှ အရပ်သား များအပေါ် အစိုးရ တပ်ဖွဲ့များ၏ အကြမ်း ဖက်မှုများ

TNLA နယ်မြေ ထဲမှ အရပ်သား များအပေါ် အစိုးရ တပ်ဖွဲ့များ၏ အကြမ်း ဖက်မှုများ

Written By kawknyaw on Saturday, January 18, 2014 | 1/18/2014

  • by -  ရွှေဟင်္သာ သတင်းဌာန
တော်လှန်ရေး နေ့အခမ်းအနား သို့တက်ရောက်လာသော TNLA တပ်မတော်သားများနှင့် ပြည်သူများ တော်လှန်ရေး နေ့အခမ်းအနား သို့တက်ရောက်လာသော TNLA တပ်မတော်သားများနှင့် ပြည်သူများ ဓါတ်ပုံ(TNLA)
အစိုးရ တပ်များ သည် ပြီးခဲ့သည့် ဇန္နာဝါရီ (၁၆)ရက်နေ့   () နာရီတွင် တအာင်း အမျိုးသား လွတ်မြောက် ရေး တပ်မ တော် (TNLA) (၅၁) ကြိမ်မြောက် တော် လှန် ရေး နေ့အခမ်း အနား ကျင်းပသော ကျေးရွာ ဖြစ်သည့် ရှမ်းပြည် မြောက် ပိုင်း နမ့်ဆန်မြို့နယ် ဟိုး နမ့်ကျေးရွာ အပေါ် ပေါ်တာဆွဲပြီး ရိုက်နှက်မှု များ ပြုလုပ်ခဲ့သည် ဟု ဒေသခံ ဟိုမိန်း ကျေးရွာ သူ တဦးက ဆိုပါသည်။
ပြီးခဲ့တဲ့ (၁၂) ရက်နေ့က ဒီဟိုမိန်း ကျေးရွာ မှာဘဲ (TNLA) တွေက တော်လှန်ရေး နေ့ လုပ်ခဲ့တယ်။ အဲဒါ တမာန်နေ့ ည က ရောက်လာ ပြီးတော့ လူဖမ်းတယ်။ လူ (၁၃)ဦး ကိုခေါ်သွား တယ်။ လက်နက်ခဲ ယမ်းတွေ ကို ထမ်းခိုင်းတယ်။ လိုအပ် ရင် မိုင်းရှင်း ကိရိယာ သုံးဦးမယ် ထင်တယ်။ ပြီးတော့ ကျေးရွာ ဥက္ကဌနဲ့ အ တွင်း ရေးမှူး နှစ်ဦးလုံး ကိုလည်း ရိုက်နှက်ပြီး တော့ စစ်ဆေးခဲ့ ကြတယ်။ဟု မျက်မြင် ကျေးရွာသူ တဦးက ဆိုပါသည်။
ပေါ်တာ လာရောက် ဖမ်းဆီးခေါ် ဆောင်သွားသော အစိုးရ တပ်များ သည် အင်အား တရာခန့် ရှိသော ကျောက်မဲ အခြေ စိုက် ခမရ (၅၀၂) နှင့် နမ့်လန် အခြေ စိုက် ခမရ( ၅၀၆) တို့၏ ပူးပေါင်း တပ်ဖွဲ့ တို့မှ ဖြစ်ပါသည်။ ဤတပ်ဖွဲ့ သည် တအာင်း တို့ ၏ တော်လှန် ရေးနေ့အတွက် လုံခြုံရေး ယူခဲ့သော (TNLA) တပ်ရင်း (၂၅၆) မှ တပ်ခွဲ ဒုတိယ အရာခံ ဗိုလ်အိုက်ညွန်း ခေါင်းဆောင် သော တပ်ဖွဲ့နှင့် ပြီးခဲ့သည့် ဇန္နာဝါရီ (၁၅)ရက်နေ့ နေ့လည် တနာရီတွင် နမ့်ဆန် မြို့နယ် ဟို နမ့် ကျေးရွာ အနီး၌ မိနစ် (၄၀)ခန့် တိုက်ပွဲဖြစ် ခဲ့သော တပ်ဖွဲ့ဖြစ် ပါသည်။
အဆို စစ်ကြောင်း သည် (TNLA) တပ်များ၏ တော်လှန်ရေး နေ့ပြီး ဆုံးပြီးမှ ဟိုမိန်း ကျေးရွာ သို့ ရောက်ရှိ လာခြင်းဖြစ်ပြီး ပေါ်တာ များနှင့်အတူ  ပန်ဆွေ ကျေးရွာ ဖက်သို့ ထွက်ခွာ သွားခဲ့ပြီး မန်မိုင်ကွမ်း ကျေးရွာတွင်နေရာယူ ထားခဲ့ပါသည်။  ဤ သို့သော လှုပ်ရှားမှု မျိုးဖြင့် (TNLA) တပ်များ ၏ တော်လှန် ရေးနေ့ ကျင်းပ ခဲ့ သော နေရာထဲ သို့ကျောက်မဲ အခြေ စိုက် အမှတ် () စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် မှ နည်းဗျူဟာ တခု (တပ်ရင်း ၃) ရင်းအား စေလွှတ် ထားပြီး ဒေသ တခုလုံး ၏ သွားလာ ရေးကို ကန့်သတ်ထား သည့်အပြင်  ဖုန်းလိုင်း (အဆက်အသွယ်) များ ဖြတ် တောက်ပြီး စစ်ဆင်နေ ခဲ့သည်ဟု TNLA ဖက်မှ ဆိုပါသည်။
ဤစစ်ဆင် ရေးကြောင့် (PSLF/TNLA) (၅၁)နှစ် မြောက်တော် လှန်ရေးနေ့ အခမ်း အနား ကို တက်ရောက် လာသော  အနယ်နယ် အရပ်ရပ်မှပြည်သူ လူထု များအား TNLA ဟု စွပ်စွဲကာ လိုက်လံ ဖမ်းဆီး စစ်ဆေးပြီး ရိုက်နှက် ခံကြပါသည်။ ထိုအထဲ တွင် ပန်စရီး ကျေးရွာ နှင့်  မန်လုံ ကျေးရွာမှ အရပ်သား ()ဦးတို့ သည် ရိုက်နှက် မှုများ ကြောင့် ဘ၀ပျက် သည် အထိ ဒုက္ခိတ ဘ၀ ဖြစ်သွားခဲ့ ရကြောင်း မျက်မြင်များက ဆိုပါသည်။ အလား တူ တော်လှန်ရေး နေ့အခမ်း အနား သို့ ကြွ ရောက် လာခဲ့ သော  ဆရာတော် သံဃာ တော်များ ကိုလည်း နမ့်ဆန် မြို့သို့ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေး ခဲ့ ကြပါသည်။
လူထု သွားလာရေး အပိုင်းကို လည်း တင်းကြပ် ထားပြီး မလိုလား အပ်သော ရိုက်နှက် မှုများဖြင့် စစ်ဆေး နေခဲ့ ကြပြန် ပါ သည်။ ပြီးခဲ့သည့် ဇန္န၀ါရီလ (၁၄) ရက်နေ့တွင်နမ့်ဆန်မြို့ သို့ဈေး ဝယ်သွား သောပန်ဆွေ ရွာ သားနှင့်ရေဘုံရွာ သား ()ဦးကို (TNLA)  ဟုစွပ်စွဲကာဖမ်းဆီးခေါ် ဆောင်သွားစဉ် လမ်းတွင် တိုက် ပွဲ ဖြစ်ပွား ခဲ့သဖြင့်  ရေဘုံ ရွာသား အားစစ် ဆေးရိုက်နှက်ခဲ့ သည့် အဖြစ်မျိုး ကဲ့သို့  ဒေသ အနှံ့ ပြုလုပ်နေ ပါသည်။
ထို့အပြင် အစိုးရတပ် များသည် တောင်ကြောများ တွင် အခြေချပြီးမန်မိုင်း ကျေးရွာ တွင်းသို့လက်နက်ကြီး ()ချက် ပစ် သွင်းခဲ့ပါ သည်။ထိခိုက်မှု အသေးစိပ် မသိသော် လည်း ဤကဲ့သို့ သော လုပ်ရပ်မျိုးများဖြင့် တောနယ် ကျေးရွာ အနှံ့ များတွင် ပစ်ခတ် နေပြီး လူထုအား ခြိမ်းခြောက် နေကြ ပါသည်။ 
အစိုးရတပ် များသည် ဤသို့သော ဖြတ်လေးဖြတ် လုပ်ရပ် အသွင်များဖြင့် လူထုအား နှိပ်စက်ပြီး (TNLA) နှင့် ကင်းကွာသွား စေ သည့် နည်းလမ်းမျိုးကို သုံးကာ ၀ိုင်းဝန်း တိုက်ခိုက်စေ သည့် ဟောင်းနွမ်း နေသည့် နည်းဗျူဟာ မျိုးကို ဆက်လက် ကျင့်သုံးနေခြင်းဖြစ် ပါသည်။
သို့သော်  TNLA တပ်များ အား စစ်ဆင်ရာ တွင် အထိနာနေ ခဲ့ပါသည်။ ဤကဲ့သို့ အထိနာ လာခဲ့ပြီး ဆိုပါက ကျေးရွာထဲ သို့လက် နက်ကြီး ပစ်သွင်းခြင်း၊ တိုက် ပွဲဖြစ်ပွား ခဲ့သည့် ကျေးရွာမှ အရပ်သား များ အား အကြောင်းမဲ့ ပစ်သတ်ခြင်း၊ မသင် ကာဟု ဆိုကာရိုက်နှက် ဖမ်းဆီးခြင်း၊ မုဒိန်း ကျင့်ခြင်း၊ ဒုက္ခသည် ဘ ၀ရောက် စေရန် စစ်ရေးနည်း လမ်းဖြင့် တိုက်ပွဲဖေါ်ပြီး နယ်နှင်ခြင်း  အပြင်သွား လာရေး၊ ဆက်သွယ်ရေး ၊စီးပွားရေး၊ မူးရစ် ဆေးဝါး ပေါ်လစီများ ကျင့်သုံး ခံရခြင်း အထိ အမျိုးမျိုး ဖန်တီးခဲ့ ကြ ကြောင်း ဒေသခံ ရပ်ရွာ လူကြီးများကဆိုပါသည်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger