မိုးမခအထောက်တော် ရန်ကုန်၊ ဇန်န၀ါရီ ၅၊ ၂၀၁၂ (မိုးမခ သတင်းဌာန)
နိုင်ငံရေးအကျဉ်းသားဟောင်းများက ၂၀၁၂ နှစ်သစ်ကူးတွင် ထုတ်ပြန်သည့် ကြံ့ဖွံ့အစိုးရ၊ သမ္မတကြီး သိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် စိတ်ပျက်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်လိုလားပါက နိုင်ငံရေးအကျဉ်းသားများအပေါ် သံသယရှေ့ထားပြီး ဆက်လက်ထိန်းသိမ်းနေခြင်းကို စွန့်လွှန့်သင့်ကြောင်း ထုတ်ပြန်ထားသည်။
ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ညီညွတ်ရေးနဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ခြေမပြတ် ဆက်လက်ထုတ်ဖော်သွားရမည် ဖြစ်ကြောင်း ၎င်းတို့၏ လွတ်လပ်ရေးသ၀ဏ်လွှာတွင် ထုတ်ဖော်ထားသည်။
0 comments:
Post a Comment