Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ထိုင်းဝန်ကြီးချုပ် ယင့်လပ်သို့ အိတ်ဖွင့်ပေးစာ

ထိုင်းဝန်ကြီးချုပ် ယင့်လပ်သို့ အိတ်ဖွင့်ပေးစာ

Written By kawknyaw on Sunday, January 8, 2012 | 1/08/2012

Sunday, January 08, 2012  ဇာနည်မာန်  (ဧရာဝတီ ဘလော့ဂ်)


တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ရေဖြူမှာ ဆောက်မယ့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ဒေသခံတွေ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်လာစေမှာရယ်၊ စက်ရုံဆောက်မယ့် ဒေသက ပြည်သူထောင်ချီပြီး နေရာရွှေ့ပြောင်းပေးရမှာတွေရယ်ကြောင့် စက်ရုံကို မဆောက်ဖို့၊ ဒေသခံတွေက ထိုင်းဝန်ကြီးချုပ် ယင့်လပ်ဆီ ပေးပို့တဲ့စာပါ။
 

ထားဝယ်မြို့ကို နှစ်နိုင်ငံ စီမံကိန်း၊ စီးပွားရေးတွေ ဆွေးနွေးဖို့ရောက်နေတဲ့ ထိုင်းနိုင်ငံ ၀န်ကြီးဌာန (၅) ခုက ၀န်ကြီးတွေကို ထားဝယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့ (DDA) က အိတ်ဖွင့်ပေးစာ ပေးခဲ့တာပါ။
 

ထားဝယ်ဒေသမှာ လုပ်နေတဲ့ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း၊ ရေနက်စီမံကိန်းအပါအ၀င် အခြားစီမံကိန်းတွေကြောင့် ဒေသတွင်း ပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုဖြစ်လာမှာကို စိုးရိမ်တဲ့အကြောင်း၊ စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ဒေသတွေက ဒေသခံပြည်သူတွေ နေရာရွှေ့ပြောင်းကြရမှာကို မလိုလားတဲ့အကြောင်း၊ ထားဝယ်ဒေသက သဘာဝ ပတ်ဝန်းကျင် အလှအပတွေ မပျက်ဆီးစေလိုတဲ့အကြောင်း၊ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစာလိုက်နာဖို့ ထိုင်းနိုင်ငံအစိုးရအနေနဲ့ အလေးအနက်ထားပြီး တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း စတာတွေကို ထိုင်းဝန်ကြီးချုပ် ယင့်လပ်ဆီ လိပ်မူထားတဲ့ စာထဲမှာ ရေးသားထားပါတယ်။
 

စာပေးပို့တဲ့ DDA အဖွဲ့ကတော့ ထားဝယ်ဒေသမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေ လုပ်နေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger