Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ်

ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ်

Written By kawknyaw on Tuesday, January 24, 2012 | 1/24/2012

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဇန်န၀ါရီ ၂၅၊ ၂၀၁၂ (မိုးမခ သတင်းဌာန)
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသော ၈၈ ကျောင်းသားများသည် သက်ဆိုင်ရာအကျဉ်းထောင်အသီးသီးမှလွတ်မြောက်လာပြီးသည့်နောက် မိမိတို့ယုံကြည်ချက်အတိုင်း ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဆက် လက်ချီတက် လျှောက်လှမ်းကြမည်ဖြစ်သည့်အတွက် အကျဉ်းထောင်အတွင်းခံစားခဲ့ရသော ကျန်းမာရေးဝေဒနာများကို နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၌ အသီးသီးလာရောက်၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
၂၄.၁.၂၀၁၂ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ ကိုသက်နွယ် အသက် (၅၄) နှစ်၏ ရုပ်အလောင်းအား မီးသင်္ဂြိုလ်ခြင်းအခမ်းအနားကို ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့သည် သွားရောက်ခဲ့ပြီးသည့်နောက် မြောက်ဒဂုံမြို့နယ်ရှိ ဝဋ်ကြွေးတော်ပြေ ဆရာတော်ကြီး အား သွားရောက်ဖူးမြော်ခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍လေ့လာခဲ့ကြသည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံစကားပြောဆိုပြီးသည့်နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ လုပ်ငန်းဆောင်ရွက်မှုများအား လိုက်လံရှင်းလင်းပြသခဲ့ကာ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အချိန်မအားလပ်သည့်ကြားမှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သွေးဖောက်၍ ကျန်းမာရေးစစ်ဆေးမှုကို ခံယူခဲ့သည်။ ကိုမင်းကိုနိုင် သွေးဖောက်စစ်ဆေးစဉ် ဥက္ကဋ္ဌ ဦးကျော်သူမှ “ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ် .. ဟေ့” ဟု ပြောကြားခဲ့ရာ အဖွဲ့သားအားလုံးတို့အတွက် အားဆေးတစ်ခွက် တိုက်ကျွေးခဲ့ရသလို ဖြစ်တော့သည်။
ကျန်းမာရေးစစ်ဆေးရန်ကျန်ရှိသော ၈၈ ကျောင်းသားအဖွဲ့များအားလည်း မိမိတို့ အားလပ်သည့် နေ့ရက်၊ အချိန်များတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ သွေးဖောက်ခြင်း၊ ECG၊ Ultra Sound၊ ဓါတ်မှန်ရိုက်ကူးခြင်းတို့အပြင် သက်ဆိုင်ရာဆရာဝန်ကြီးများနှင့် ဆေးဝါးကုသမှုများကိုလည်း ပြုလုပ်ပေးလျှက်ရှိပါသည်။



share
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger