Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ဖားကန့် လမ်းပိုင်း တိုက်ပွဲများကြောင့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်

ဖားကန့် လမ်းပိုင်း တိုက်ပွဲများကြောင့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်

Written By kawknyaw on Sunday, January 8, 2012 | 1/08/2012

ဇန်န၀ါရီ (၈)၊ တနင်္ဂနွေ (မိုးမခ သတင်းဌာန)

Source ( Jinghpaw Kasa)  and Jade Land (Facebook)
ဖားကန့် ဒေသ လမ်းပိုင်းသို့ မြန်မာအစိုးရ စစ်တပ်များ အင်အား အလုံးအရင်းထပ်မံဖြည့်တင်းနေသည့်အပြင် နေ့ စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် တိုက်ပွဲများပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြောက်လန့် ကာ ဒေသခံများ ဘေးလွတ်ရာသို့  ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေရာ ဖားကန့် ကားလမ်းပိုင်း နန့် ယားကျေးရွာ နှင့် လုံးခင်ကျေးရွာ ကြားရှိ ပျားအုံ ၊ ကျောက်ဖျာ ၊ ၅ မိုင်ကုန်း စသည့် ကျေးရွာများမှ ရွာသူရွာသားများသည် ယခုအခါ လုံးခင်းကျေးရွာ ပါတ်ဝန်းကျင်ရှိ ဘုရားရှိခိုးကျောင်းများတွင် ၀င်ရောက်တိမ်းရှောင် ခိုလှုံလျက်ရှိကြောင်းသိရသည်။ ယင်းကဲ့သို့ နေရပ်စွန့် ထွက်ပြေးတိမ်းရှောင်ခိုလှုံလျက်ရှိရာတွင်-

(၁) မော်စီဇာ အသင်းတော် ဘုရားရှိခိုးကျောင်းတွင် ခိုလှုံရောက်ရှိနေသူပေါင်း ( ၁၂၈)ယောက်

(၂) မော်စီဇာ ဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေသူပေါင်း အယောက် ( ၃၀၁) ဦး
(၃) လုံးခင်းအသင်းတော် ဘုရားကျောင်းတွင် ရောက်ရှိခိုလှုံနေသူ ( ၂၈၁)ဦး
(၄) ရှအစ်ယန်ကျေးရွာတွင် ရောက်ရှိခိုလှုံနေသူပေါင်း (၁၇၀)ဦး
လက်ရှိ အားလုံးစုစုပေါင်း အယောက်(၈၈၀)ဦး ခန့် ရှိနေပြီဖြစ်ပြီး နေ့ စဉ်ထပ်မံထွက်ပြေးတိမ်းရှောင်သူများ ရှိနေဆဲဖြစ်ကြောင်းသိရသည်။
တိုက်ပွဲများကြောင့် ကချင်စစ်ပြေးဒုက္ခသည်စုစုပေါင်း ၅သောင်းကျော် အိုးအိမ်စွန့် ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger