Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » လွတ်ခါနီး နာရီပိုင်း အလိုမှ အမှုသစ် တိုးခံလိုက်ရတဲ့ အင်းစိန်ထောင်မှ မန်းငြိမ်းမောင်

လွတ်ခါနီး နာရီပိုင်း အလိုမှ အမှုသစ် တိုးခံလိုက်ရတဲ့ အင်းစိန်ထောင်မှ မန်းငြိမ်းမောင်

Written By kawknyaw on Wednesday, January 11, 2012 | 1/11/2012

 Wed, Jan 11th, 2012 (Burma VJ Media Network)
ကျနော် သန့်ဇင်ထွန်းပါ ခင်ဗျာ။
ဟုတ်ကဲ့ ကျနော် ဘားမားဗီဂျေမီဒီယာကပါ။ ကိုသန့်ဇင်ထွန်း ဘယ်ရက်က ပြန်လွတ် လာတာလဲ မသိဘူး  ခင်ဗျာ။
၅ရက်နေ့က ပြန်လွတ်လာတာပါ
အင်းစိန်ကနေ ပြန်လွတ်လာတယ်လို့ သိရပါတယ်။ အင်းစိန် ဘယ်တိုက်ကနေ ပြန်လွတ်လာတာ ပါလဲ ခင်ဗျာ။

ဖဒို မန်းငြိမ်းမောင် (ကရင် အမျိုးသား အစည်းအရုံး ဗဟို ကော်မတီဝင်)
လေးရှည် တိုက် ၉ ခန်းက ခင်ဗျာ

အဲဒီမှာ ကိုသန့်ဇင်ထွန်းက အခု ဖထီး မန်းငြိမ်းမောင်နဲ့ အတူတူ နေခဲ့ရတယ်လို့ သိထားရတယ် ခင်ဗျာ။ ဖထီး မန်းငြိမ်းမောင်ရဲ့အခြေအနေလေး ပြောပြပါအုံး ခင်ဗျာ။
ဟုတ်ကဲ့ ဖထီးနဲ့ ကျနော်က တတိုက်တော့ တတိုက်စီပါဘဲ။ တွေ့ရတာတော့ တွေ့ရပါတယ်။ ဖထီးက ကျန်းမာရေးလဲ ကောင်းပါတယ်။ မဆိုးပါဘူး။ သူ့ကို နောက်မှု
ကပ်တယ်လေ။ နှစ်မှု ကပ်တယ်ဗျာ။ အဲဒါလေး နဲနဲပြောမယ်ဗျာ။ သူ့ကို နောက်မှုကပ်တာက နိုင်ငံတော်(လွတ်ငြိမ်းချမ်းသာခွင့်) လာတဲ့နေ့ဗျာ။ နိုင်ငံတော် လာတာက
၂ရက်နေ့ ၄ နာရီမှာ လာတယ်ဗျာ။ သူ့ကို နောက်မှုကပ်ဖို့ ခေါ်ထုတ်သွားတာက နိုင်ငံတော် လာဖို့ နာရီဝက်အလို ၃း၃၀ နာရီမှာ ခေါ်ထုတ်သွားတယ်။ နောက်ထပ်
နှစ်မှုကပ်တယ်၊ သူ့ကို ရုံးထုတ်မဲ့နေ့က  ၁၂ရက်နေ့။ လာမဲ့ ၁၂ ရက်နေ့ဗျာ။ အဲဒီ ၁၂ ရက်နေ့က ခင်ဗျားတို့လဲ သိတဲ့အတိုင်းဘဲ နောက်ပြီးတော့ ထုတ်တဲ့ တရားရုံးက
အထူးတရားရုံး ဖြစ်နေတယ်။
၂ ရက်နေ့ လွတ်ငြိမ်း ချမ်းသာခွင့် ကြေငြာတာက ၄ နာရီ ဖထီးကို နောက်မှု လာကပ်တာက ၃း၃၀ နာရီ ပေါ့ အဲဒါဘာကြောင့်လို့ ကိုသန့်ဇင်ထွန်း ထင်ပါသလဲ ခင်ဗျာ။
ထင်မြင်ချက် ကတော့ဗျာ ဒါကြီးကတော့ မကောင်းဘူးပေါ့ဗျာ။ လွတ်ရက်လဲ စေ့နေပြီ နာရီပိုင်း အလိုမှ  ဒါမျိုး လုပ်တာတော့ မကောင်းဘူး။ အဲဒါလေးကိုဘဲ ကျနော်တို့
မြင်တယ်
ဟုတ်ကဲ့ ဖထီးက ပထမတမှုမှာ ဘာပုဒ်မနဲ့ ထောင်ဘယ်လောက် ချထားတာလဲ ခင်ဗျာ။
ကျနော်က အဲဒီလောက်ကြီး အတိအကျ မသိဘူးဗျ။ နောက်ကပ်တဲ့ အမှုကတော့ ကျနော် ကြားတာကတော့ ၁၇(၁)၊ ၁၂၂(၁) အမှုပေါ့။ဟိုအမှုက ၆ လ လားမသိဘဲကျတာ။
ကျနော် အဲလောက်ဘဲ သိတာ
ဟုတ်ကဲ့ သူက ၆ လ ဘဲကျထားတာ ဆိုတော့ ၂ ရက်နေ့မှာ ကြေငြာတဲ့ နိုင်ငံတော် ကြေငြာချက်နဲ့ ဆိုရင် သူ ၆ လ ကလွတ်တယ်လို့ ယူဆလို့ ရတာပေါ့နော်။
ဟုတ်ကဲ့။ တကယ်လို့ အဲဒီနေ့မှာ နောက်မှု ထပ်မကပ်ဘူး ဆိုရင် လွတ်တယ်။
ဟုတ်ကဲ့ နိုင်ငံတော်မလာခင် နောက်မှု လာမကပ်ဘူးဆိုရင် သူက လွတ်တယ် ပေါ့နော်။ အဲဒီတော့ ကိုသန့်ဇင်ထွန်း မလွတ်ခင် သူ့ကို နောက်ဆုံး မြင်တွေ့ရသလောက် သူ့ရဲ့
ကျန်းမာရေး အနေအထားလေး   မြင်ရ ကြားရ သလောက် ပြောပြပေးပါအုံး ခင်ဗျာ။
ကျန်းမာရေး ကတော့လေ ဖထီး ကိုယ်တိုင် ပြောတာပေါ့နော် ကျန်းမာရေးက မဆိုးပါဘူး ကောင်းပါတယ်။  ကျန်းမာရေးကတော့ ကောင်းတယ်။ ဖထီးကတော့ နောက်မှု
ဘယ်လောက်ဘဲ ကပ်ကပ် တုန်လှုပ်မှု  မရှိဘူး။ ဒီထဲမှာ ရဲရဲဝံ့ဝံ့ဘဲ နေသွားမယ်၊ ကျန်းမာရေး ကောင်းကောင်း ပေါ့နော်။ နေရေး ထိုင်ရေးကတော့   ဒီထဲမှာဖထီးကို ကျန်တဲ့
နိုင်ငံရေး အကျဉ်းသားတွေ အားလုံးက ဂရုစိုက်ကြပါတယ်။ တခြား စားစရာ သောက်စရာက အစပေါ့နော် ကျန်းမာရေး ကောင်းပါတယ် ဟုတ်ကဲ့။
သူ့ မိသားစုကကော ထောင်ဝင်စာတွေ ဘာတွေ လာတယ်လို့ကော ကြားမိလား ခင်ဗျာ။
ဟုတ်ကဲ့ အဲဒါတော့ ကျနော် မကြားမိဘူး ခင်ဗျ။ မလာနိုင်ဘူး ထင်တယ်ဗျ ဟုတ်ကဲ့။ ကျနော် ရှိနေစဉ်   အတွင်း ဖထီး ထောင်ဝင်စာလာတာ တခါမှ မမြင်မိဘူး အခုတော့
မသိဘူးပေါ့ ကျနော်ရှိ နေတုန်းကတော့ တခါမှမလာပါဘူး
ဟုတ်ကဲ့ အခုဇန်နဝါရီ ၁၂ ရက်နေ့မှာ ဖထီးကို အထူးတရားရုံး ထုတ်မယ်ပေါ့နော်။ အဲဒီဟာကိုကော  အကို့ အနေနဲ့ ဘယ်လိုမြင်လဲ ခင်ဗျာ။
အထူးတရားရုံး ဆိုတာမရှိသင့်ဘူး ခင်ဗျ။ အထူးတရားရုံးက အင်းစိန် ထောင်ထဲမှာရှိတဲ့ တရားရုံးဗျ။ ကျနော်တို့ တရားရုံးဆိုတာက အများပြည်သူရှေ့မှာဘဲ စစ်ရမယ်လေ။
ကျနော်တို့ နိုင်ငံရေး အကျဉ်း  သားတွေကို အထူး တရားရုံးမှာဘဲ လူမသိ သူမသိ စစ်သွားတယ်။ ရှေ့နေတွေလဲ ဘာမှမပါဘူးဗျ။ ကျနော်တို့ ဆိုရင်လဲ အထူး တရားရုံးနဲ့
ချတာဘဲဗျ ဒါမရှိသင့်တဲ့ကိစ္စဘဲ။ ဒီကိစ္စဟာပေါ့နော်။ အမှုစစ်စရာ   ရှိရင်လဲ အများပြည်သူရှေ့မှာ စစ်ပေါ့ဗျာ။ အခုတော့ တရားဥပဒေ စိုးမိုးရေး ဆိုတာဘာလဲ ဆိုတဲ့
မေးခွန်း  ထုတ်စရာ ဖြစ်နေတယ်။
ဟုတ်ကဲ့ ကိုသန့်ဇင်ထွန်းကကော ဘယ်နှစ်ခုနှစ်က ထောင်စကျပြီးတော့ ပြန်လွတ် လာတာလဲ ခင်ဗျာ။
ကျနော် ၂၀၀၉ ကပါ အကို။၂၀၀၉  ၁၀ လ ၂၂ ရက်နေ့ပါ အကို။ ကျနော်တို့လဲ အထူးတရားရုံးကဘဲ   ချခဲ့တာ။ဒီအထူးတရားရုံးကြီးက ရှိကိုမရှိသင့်ဘူးဗျ။ အဲဒီမှာ လူတွေလဲ
ဘယ်သူမှ မဝင်ရဘူး မထွက်ရဘူး။ တရားဥပဒေစိုးမိုးရေး ဆိုတဲ့စကားလုံးက မေးခွန်းထုတ်စရာ ဖြစ်နေတယ်။
ကိုသန့်ဇင်ထွန်းရေ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ဟုတ်ကဲ့ ကျနော်လဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger