Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » မြန်မာ-ထိုင်းနယ်စပ်တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး ထိုင်း စတင်လေ့လာမည်

မြန်မာ-ထိုင်းနယ်စပ်တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး ထိုင်း စတင်လေ့လာမည်

Written By kawknyaw on Thursday, September 19, 2013 | 9/19/2013

မြန်မာနှင့် ထိုင်း နယ်စပ်ရှိ မြဝတီ-မဲဆောက်နှင့် တာချီလိတ်-မယ်ဆိုင်တို့တွင် စက်မှုဇုန်များ တည်ဆောက်ရေး ထိုင်းအမျိုးသား စီးပွားရေးနှင့် လူမှုရေး တိုးတက်မှု ဘုတ်အဖွဲ့ (NESDB) က လေ့လာကာ အဆိုပြုလွှာ တင်ပြသွားမည် ဖြစ်ကြောင်း ထိုင်း ပြည်ထဲရေးဝန်ကြီး၏ ပြောဆိုချက်ကို ကိုးကား၍ ဘန်ကောက် ပိုစ့်သတင်းစာတွင် ဖော်ပြထားသည်။

ထိုအဆိုပြုလွှာကို ရက် ၃၀၀ ခန့် လေ့လာရေးဆွဲပြီးနောက် ယင်းဘုတ်အဖွဲ့က ဝန်ကြီးဌာနထံ တင်ပြမည်ဟု ဝန်ကြီးက ပြောဆိုထားကြောင်း သတင်းကဆိုသည်။

နယ်စပ်ဒေသတွင် အထူးစီးပွားရေးဇုန်များ ဆောက်လုပ်ခြင်းမှာ ကောင်း မွန်သော်လည်း နှစ်နိုင်ငံမူ ဝါဒမညီမျှပါက ကုန်သွယ်ရေးဆိုင်ရာ ကွာဟချက်များ ဖြစ်လာနိုင်ကြောင်း ကဏန်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောကြားသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်တွင် အထူးကုန်သွယ်ရေးဇုန် တည်ဆောက်ပြီး ကုန်သွယ်ရန် အရေးပါသော အချက်များကို စက်တင်ဘာ ၁၇ ရက်နေ့က မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်တို့ ထိုင်းနိုင်ငံတွင် တွေ့ဆုံစဉ်က ဆွေးနွေးခဲ့ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ကုန်သွယ်ရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုအကျိုးဖြစ်ထွန်းစေရန် စီမံချက်များ အထူးသဖြင့် စည်းမျဉ်း စည်းကမ်းဘောင်များကို မြန်မာအစိုးရနှင့် ဆွေးနွေးရန် လိုအပ်နေသေးကြောင်း ထိုင်း ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

ထိုင်းနိုင်ငံ တပ်ခရိုင်ရှိ မဲဆောက်မြို့မှ ကုန်စည်များကို ရန်ကုန်ကို တင်ပို့နေပြီး ချင်းရိုင်ခရိုင်ရှိ မယ်ဆိုင်မှ ကုန်စည်များကိုမူ မြန်မာနိုင်ငံ အရှေ့မြောက်ဖျားဒေသများကို ဖြတ်၍ တရုတ်နိုင်ငံတောင်ပိုင်းသို့ တင်ပို့လျက်ရှိသည်။

The Voice Weekly
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger