Published on September 9, 2013 by ဒီဗွီဘီ
ကချင်ပြည်နယ်
လိုင်ဇာမြို့အနီးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေဆီကို ကုလသမဂ္ဂက
လူသားချင်းစာနာမှု အကူအညီတွေ တင်ဆောင်ထားတဲ့ ယာဉ်တန်းတွေ ၁
နှစ်ခွဲကာလအတွင်း ပထမဆုံးအကြိမ် သွားရောက် ပေးပို့ခဲ့ပါတယ်။
အကူအညီပစ္စည်းတွေ ဩဂုတ် ၇
ရက်နေ့က စတင်ရောက်ရှိနေတာဖြစ်ပြီး လိုင်ဇာအနီးက
လွယ်ဂျယ်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေအတွက် ရိက္ခာ ပစ္စည်းတွေ
ဖြန့်ဝေပေးနေပြီဖြစ်တဲ့အကြောင်း
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(ကေအိုင်အို)ရဲ့ ဒုက္ခသည်
ကူညီကယ်ဆယ်ရေးကော်မတီက ဒွဲပီဆာက ပြောပါတယ်။
ကုလသမဂ္ဂရဲ့
ထောက်ပံ့ရေးပစ္စည်းတွေဟာ ကုန်တင်ကား ၁၀ စီးကျော်နဲ့
တင်ဆောင်လာတာဖြစ်ပြီး ကျန်တဲ့ဒုက္ခသည်စခန်းတွေကိုတော့
နောက်အခေါက်တွေမှ ဖြန့်ဝေ သွားမယ်လို့ ဆိုပါတယ်။
အရင် ၂၀၁၁ ဒီဇင်ဘာလက
ထောက်ပံ့စဉ်ကတော့ ဒုက္ခသည်အိမ်ထောင်စု ၈၀၀ ကျော်ပဲ ဖြန့်ဝေဖို့
ကုလသမဂ္ဂက ပြောဆိုခဲ့ပေမယ့် အကူအညီရသူတွေနဲ့ မရသူတွေအကြား ပြဿနာ
ဖြစ်လာနိုင်တဲ့အတွက် ကေအိုင်အိုရဲ့ ကယ်ဆယ်ရေးကော်မတီက
မ်ွဝေဖြန့်ဝေခဲ့ရတာတွေ ရှိခဲ့ရတဲ့ အကြောင်းလည်း ဒွဲပီဆာက
ရှင်းပြပါတယ်။
လိုင်ဇာအနီးမှာ ဒုက္ခသည် ၂ သောင်းကျော်ရှိပြီး နယ်စပ်တလေ်ွာက်မှာတော့ ဒုက္ခသည် စခန်း ၃၀ လောက်ရှိနေတာ ဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေကြောင့် သောင်းနဲ့ ချီတဲ့ ဒုက္ခသည်တွေဟာ စခန်းတွေမှာ ခိုလှုံနေတာဟာ ၂ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ကချင်ဒုက္ခသည်ဦးရေဟာ ၈ သောင်းကျော် လောက်ရှိတယ်လို့ ကချင်ဒုက္ခသည် ကူညီကယ်ဆယ်ရေးကော်မတီက ပြောပါတယ်။
0 comments:
Post a Comment