Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » အပစ်ရပ် လက်နက်ကိုင် အဖွဲ့ချင်း ပဋိပက္ခ မဖြစ်ပွားရန် ဒု-ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း မှာကြား

အပစ်ရပ် လက်နက်ကိုင် အဖွဲ့ချင်း ပဋိပက္ခ မဖြစ်ပွားရန် ဒု-ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း မှာကြား

Written By kawknyaw on Monday, September 9, 2013 | 9/09/2013

Written by  ဖြူဖြူကို
ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း (ဓါတ်ပုံ - ABSDF)
နယ်စပ် ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းသည် အပစ်ခတ် ရပ်စဲရေး ကြားကာလ၌ တဘက်နှင့် တဘက် လက်နက်ကိုင် ပိပက္ခ မဖြစ်ပွားကြရန် ထိန်းထိန်း သိမ်းသိမ်း နေသင့်ကြောင်း ကရင်ပြည်နယ် မြ၀တီမြို့ရှိ လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့အား ယမာန့်က ပြောကြား သွားခဲ့ သည်ဟု KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီက ဆိုပါသည်။
 အဓိကက သူ့စည်း ကိုယ့်စည်းမှာ ပြသနာ မဖြစ်အောင် နေကြဖို့ နဲ့ တစ်ဖွဲ့နဲ့ တဖွဲ့ ယုံကြည်မှု တည်ဆောက်ကြဖို့ နဲ့ စည်းကမ်းရှိဖို့ ဆော်သြသွားတာပါ” ဟုဆိုပါသည်။

နယ်စပ် ရေးရာ ၀န်ကြီး၏ အထက်ပါ မှာကြားချက် အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖက်မှလည်း ငြိမ်းချမ်းရေး ရရှိရန်အတွက် လိုအပ်သော လုပ်ဆောင်မှုများကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်သော်လည်း အစိုးရသည် အပစ်သာ ရပ်စဲ ခဲ့ပေမဲ့ သဘောတူ ထားသည့် အချက်များကိုမူ အကောင်အထည် ဖေါ်ဆောင်မှု မရှိခြင်းကြောင့်၊ ယုံကြည်မှု တည်ဆောက်ရန် ဆက်လက် စောင့်ကြည့် နေရမည့် အနေထား ၌သာ ရှိနေသေး သည်ဟု ပြန်လည် တင်ပြ ခဲ့ပါသည်။
အထူးသဖြင့် တပ်နေရာ ချထားမှုမရှိခြင်း၊ နယ်မြေ သတ်မှတ်မှု မရှိခြင်းနှင့် သွားလာရေး တို့တွင် အစိုးရ ဖက်မှ ချုပ်ချယ် ခြင်းများကြောင့် ပြီးခဲ့သည့် ဇူလိုင်လ (၁၆) ရက်နေ့တွင် KNU တပ်များက နယ်ခြား စောင့်တပ်ဖွဲ့ကို ၀င်ရောက် တိုက်ခိုက် ခဲ့ပါသည်။ ဤကဲ့သို့ ဖြစ်ပွား ခဲ့သော်လည်း အစိုးရသည် တပ်နေရာ ချထားမှု အရေးကို ယခုထိ သတ်မှတ် ပေးခြင်း မရှိသေးပေ။
ထို့အပြင် နယ်စပ်ရေးရာ ၀န်ကြီးသည် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ဤသို့ကြောင့် လိုအပ်သော ဖွံ့ဖြိုးရေး အစီစဉ်များကို တင်ပြကြရန် ဒုတိယ ဗိုလ်ချုပ်ကြီးက မှာကြား သွားခဲ့ပါသည်။
ယင်းအလွတ် သဘော တွေ့ဆုံပွဲတွင် KNU မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ နှင့် ဗိုလ်မှူးကြီး စောဖောဒို့၊ DKBA မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုးရှေး နှင့် ကိုယ်စားလှယ် (၁) ဦး ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC) မှ ဖူးရင်နုနှင့် ကိုယ်စားလှယ် ၁ ဦး၊ ABSDF မှ ကိုယ်စားလှယ် (၂) ဦးတို့ တွေ့ဆုံကြပါသည်။ အစိုးရ ဘက်ကမူ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း အပါအ၀င် အရှေ့တောင်တိုင်း တိုင်းမှူး နှင့် ဗျူးဟာမှူးတို့ လာရောက် တွေ့ဆုံ ခဲ့ခြင်း ဖြစ်ပါသည်။
ဤသည် နယ်စပ် ရေးရာ ၀န်ကြီး၏ ပထမဆုံး အကြိမ် တိုင်းရင်းသား အပစ်ရပ်များနှင့် တွေ့ဆုံခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ၄င်းသည် နယ်ခြား စောင့်တပ် (BGF) အား လာရောက် တွေ့ဆုံ စစ်ဆေးစဉ် အပစ်ရပ် အဖွဲ့များပါ လက်ခံ တွေ့ဆုံ လိုက်ခြင်း ဖြစ်ပါသည်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger