Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » င်ငံတ၀ှမ်း ဗုံးဖောက်ခွဲမှု စစ်ဆေးတွေ့ရှိချက် သတင်းစာရှင်းလင်း

င်ငံတ၀ှမ်း ဗုံးဖောက်ခွဲမှု စစ်ဆေးတွေ့ရှိချက် သတင်းစာရှင်းလင်း

Written By kawknyaw on Sunday, October 20, 2013 | 10/20/2013

"နိုင်ငံတ၀ှမ်း ဗုံးဖောက်ခွဲမှု စစ်ဆေးတွေ့ရှိချက် သတင်းစာရှင်းလင်း" ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဗုံးထောင် ဗုံးခွဲတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုဝင်ရောက်လာမှာကို မလိုလားတာအပြင် တိုင်းရင်းသားဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်မှာကို မလိုလားတာကြောင့်ဖြစ်ကြောင်း ဖမ်းဆီးရမိထားသူတွေက ထွက်ဆိုခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ဒီနေ့ ပြောလိုက်ပါတယ်။ ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာကျင်းပတဲ့ ဗုံးဖေါက်ခွဲမူတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက အခုလို ပြောခဲ့တာပါ။ “လက်ရှိဖော်ထုတ်ချက်တွေအရတော့ သူ့ရဲ့အကျိုးအကြောင်းလေးကတော့ တစ်အချက် ခရီးသွားလုပ်ငန်းတွေ တိုးချဲ့လာတာကို အဟန့်အတားဖြစ်စေတယ်၊ နှစ်အချက်ကတော့ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းတွေရဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမလာအောင် ကာကွယ်တားဆီးထားတာကို သွားတွေ့ရတယ်၊ ဖော်ထုတ်ချက် အရတော့ ဒီလောက်ပဲ အဆင်သင့်ဖြစ်ထားတယ်” ဒါ့အပြင် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း ဗုံးပေါက်ကွဲခဲ့မှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ကြိုးပမ်းနေတဲ့ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ပျက်စီးသွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေထဲကတစ်ဦးဖြစ်သူ ကိုစောမြင့်လွင်ဟာ အရင်က ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့ပေမယ့် အခုဗုံးပေါက်ကွဲမှုတွေဟာ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ ပတ်သက်မှုမရှိဘူးလို့လည်း ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ “ ဒီဖြစ်ရပ်အပါအဝင်ပေါ့နော် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဘယ်လိုမှရပ်တန့်သွားစရာ အကြောင်းမရှိပါဘူး၊ ကျွန်တော်တို့ နိုင်ငံတော်အစိုးရကလည်း ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီးပြီ၊ တစ်ဖက်က ဆွေးနွေးနေတဲ့ တိုင်းရင်းသားခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေးကို မရရအောင်တည်ဆောက်မယ်၊ ဒို့တာဝန်အရေးသုံးပါအတိုင်း သွားမယ်ဆိုတဲ့စိတ်ရှိပြီးသား၊ ကျွန်တော်တို့ လက်ရှိညှိနေတာက နည်းနာပိုင်းပေါ့နော်၊ ဒါကို ကျွန်တော်တို့ အကောင်အထည်ဖော်တဲ့အပိုင်းပဲညှိနေတာ ရည်ရွယ်ချက်က အတူတူပဲဖြစ်တယ်၊ ဒါကြောင့်မို့ ဘယ်လိုစိန်ခေါ်မှုပဲရှိရှိ၊ ဒါကို ကျွန်တော်တို့ မဖြစ်ဖြစ်အောင်လုပ်မယ်” ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းစတဲ့မြို့တွေမှာ စုစုပေါင်း ဗုံး ၁ဝ လုံးတွေ့ရှိခဲ့ပြီး ၆ ကြိမ်ပေါက်ကွဲခဲ့တာကြောင့် လူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဗုံးဖောက်ခွဲမှုတွေနဲ့ ပတ်သက်ပြီး လူ ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားသလို စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger