Headlines News :
ကော်ကညော ဘလော့စာမျက်နှာမှ ကြိုဆိုပါ၏ ဒီကနေ့ဖတ်စရာခေါင်းစဉ်များ
Home » » ဗုံးကွဲ၊ ဗုံးတွေ့မှုကိစ္စတွေနဲ့ပတ်သက်ပြီး KNU သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်

ဗုံးကွဲ၊ ဗုံးတွေ့မှုကိစ္စတွေနဲ့ပတ်သက်ပြီး KNU သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်

Written By kawknyaw on Sunday, October 20, 2013 | 10/20/2013

ပြီးခဲ့တဲ့ ရန်ကုန်နဲ့ မြို့တချို့မှာ ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုတွေနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့ မှာ ကရင်အမျိုးသား အစည်းအရုံး KNU က သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။ 

 အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မှာ လုပ်တဲ့ အစိုးရရဲ့ သတင်းစာ ရှင်းလင်းပွဲ၊ ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ

မနေ့ကတော့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်အပါအ၀င် ရဲချုပ်ဇော်ဝင်းတို့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ KNU ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး မြန်မာ ငြိမ်းချမ်းရေး စင်တာက ဦးမင်းဇော်ဦးရဲ့ ဖေ့စ်ဘုတ်မှာ အခုလို ဖော်ပြထားပါတယ်။ 

Press Conference by Karen National Union (KNU) tomorrow Sunday October 20, 2013 ယခုရက်ပိုင်းများအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ်KNU ၏ သဘောထားရှင်းလင်းချက်ကို သတင်းစာရှင်းလင်းပွဲပြုလုပ်ပါမည်။ 
အချိန်။ နေ့ခင်း ၃ နာရီ မှ ၅ နာရီ၊ 
တနင်္ဂနွေ၊ အောက်တိုဘာ ၂၀၊ ၂၀၁၃၊ 
(Time: 3 p.m. Sunday, October 20, 2013)
 နေရာ။ Myanmar Peace Center (အမှတ် ၁၁၊ ရွှေလီလမ်း၊ ရန်ကုန်မြို့) 
လုံခြုံရေးအစီအစဉ်များကြောင့် စောစောဝင်လိုသူများ အနဲဆုံး တစ်နာရီခန့် ကြိုတင်ရောက်ရှိကြပါရန် ပန်ကြားအပ်ပါသည်။
Share this article :

0 comments:

Post a Comment

 
Support : ကချင် | ကယား | ကရင် | ချင်း | မွန် | ဗမာ | ရခိုင် | ရှမ်း
Copyright © 2011. ကံသ်ကညံ - All Rights Reserved
Template Modify by ကော်ကညော Inspired Soe Soe
Proudly powered by Blogger