25.Oct.2013
အ စိုးရနှင့်
ကရင်အမျိုးသားအစည်း အရုံး(KNU)တို့အကြား ပဏာမ အပစ်အခတ်ရပ်စဲရေး သဘော
တူညီမှုတွင် ကျန်ရှိနေသေးသည့် နှစ်ဖက်တပ် နေရာချထားရေး ဆိုင်ရာ
ကိစ္စရပ်များကို နှစ်ဖက် တပ်များမှ တာဝန်ရှိသူများ နေ ပြည်တော် တွင်
တွေ့ဆုံဆွေးနွေးခဲ့ ရာ ဆွေးနွေးမှုရလဒ် တိုးတက် ကောင်းမွန် ခဲ့ကြောင်း
သိရသည်။
ကရင်အမျိုးသားအစည်း အရုံး(KNU)၏ဗဟိုအလုပ်အမှု ဆောင်
ပဒိုမန်းငြိမ်းမောင်က ''ပဏာမ အပစ်ရပ်စဲရေးသဘော တူညီမှုမှာ ကျန်ရှိနေတဲ့ဟာတွေ
ကိုကျွန်တော်တို့ တွေ့ဆုံဆွေး နွေးနေပါတယ်။ နှစ်ဖက် တပ် နေ ရာ
ချထားရေးကိုလဲ ညှိနှိုင်းနေ တယ်။ ကျွန်တော်တို့ ဘက်က တောင်းဆိုတဲ့
ဘုရားဝင်း၊ ဘုန်း ကြီးကျောင်းနဲ့ ရွာတွေထဲမှာ အစိုးရ တပ်စခန်း
ဖွင့်ထားတာတွေ ဆုတ် ပေးဖို့လဲ သဘောတူထားပါတယ်။ ဒီကိစ္စတွေကို
တစ်လချင်းအလိုက် လုပ်ဆောင်ပြီး အစိုးရဘက်က အကြောင်းပြန်မှာပါ။ ဒီဆွေးနွေးမှု
တွေက တိုးတက်မှုရှိတယ် လို့ ပြောလို့ရပါတယ်''ဟုပြောသည်။
အစိုးရတပ်မတော်မှ တာ ဝန်ရှိသူများနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)
မှစစ်ဦး စီးချုပ် ဗိုလ်ချုပ်ဂျော်နီ ခေါင်း ဆောင်သော အဖွဲ့နှင့် အောက် တို
ဘာ ၁၉ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှုတွင် အရန်တပ် နေရာ ချ
ထားရေးဆိုင်ရာ ကိစ္စ ရပ်များ ရာခိုင်နှုန်း ၇၀ ခန့်အောင် မြင်မှုရလဒ်
ထွက်ရှိခဲ့ကြောင်းသိ ရသည်။
ငြိမ်းချမ်းရေး အကျိုးတော်
ဆောင်ဦးလှမောင်ရွှေက ''KNU နဲ့ တပ်နေရာချထားရေးဆိုင်ရာ
ကိစ္စတွေဆွေးနွေးတဲ့အခါ မှာ တော် တော် များများ ညှိနှိုင်းနိုင်ခဲ့တယ်။
ရလဒ်ကောင်းတယ်''ဟု ပြောသည်။
အစိုးရတပ်မတော်နှင့် က
ရင်အမျိုးသားအစည်းအရုံး (KNU)တို့ကြား နှစ်ပေါင်း ၆၂နှစ် ကြာ
တိုက်လာကြသော်လည်း လက်ရှိအစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင်
အခြားတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များ ထက် အမြန်ဆုံးနှင့် အောင်မြင်မှု
အရှိဆုံး လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်ဟုလည်း ဆိုသည်။ အ ဆိုပါ
ကရင်အမျိုးသားအစည်းအ ရုံး (KNU)သည် ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်
တစ်လျှောက် နိုင်ငံတော်သမ္မတနှင့် သုံးကြိမ်၊ ကာကွယ်ရေးဦးစီးချုပ်နှင့် သုံး
ကြိမ်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ ကြောင်းသိရသည်။
0 comments:
Post a Comment