ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့်
မပေါက်ကွဲသေးသော ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်များ၌ ကျူးလွန်သူမှာ KNU
တပ်ဖွဲ့မှ ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများ ရရှိနေပြီး
ကျူးလွန်ခဲ့သူ တစ်ဦးနှင့် ပတ်သက်သူတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ ၁၆ ရက် ည ၉ နာရီအချိန်တွင် ပြောကြားသည်။
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲသည့် ဖြစ်စဉ်နှင့် မပေါက်ကွဲသေးဘဲ တွေ့ရှိခဲ့သည့် ဖြစ်စဉ်များမှ ကျူးလွန်သူကို အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲအချိန်တွင် မွန်ပြည်နယ် ဖာပွန်ကားလမ်းတွင် ဖမ်းဆီး ရမိခဲ့ကြောင်း၊ ယင်းသို့ ကျူးလွန်ခဲ့သူမှာ စောမြင့်လွင် အသက် (၂၇)နှစ် ကရင်လူမျိုးဖြစ်ပြီး KNU တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။ "သူက KNU အဖွဲ့ကို ၀င်လိုက်ထွက်လိုက်ပါပဲ။ တပ်သားလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ KNU အဖွဲ့မှာ လက်နက်မကိုင်ဆောင်ရတဲ့ ၀န်ထမ်းတစ်ဦးလို့ ပြောတယ်။ ဆက်စပ် စစ်ဆေးကြည့်တဲ့အခါမှာ သူက KNU ရဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဘာသာပြန်တဲ့ သူလို့လည်း ထွက်ဆိုထားပါတယ်။ ဒါကတော့ သူ့ဘက်က ပြောတာပဲ ရှိပါသေးတယ်"ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။ စောမြင့်လွင်၏ ထွက်ဆိုချက်နှင့် ပတ်သက်ပြီး KNU ဌာနချုပ်သို့ ဆက်သွယ် မေးမြန်းခဲ့ရာ စုံစမ်းမှုများအရ ၎င်းသည် KNU တပ်ဖွဲ့ဝင် မဟုတ်ကြောင်း KNU ၏ တွဲဖက်အတွင်းရေးမှူး-၁ ပဒိုသောသီဘွဲ့က The Daily Eleven သို့ ပြောကြားသည်။ "ကျွန်တော်တို့ သတင်းအရတော့ KNU လူဟောင်း တစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲပေါ့။ အခုလက်ရှိ ကာယကံရှင် လုပ်နေတဲ့ အလုပ်အရတော့ KNU မဟုတ်သေးဘူးလို့ ပြောလို့ရတာပေါ့။ လူဟောင်းလို့ ထွက်ဆိုတာတွေရှိတော့ သူပြောနေတဲ့ နေရာတွေကိုတော့ ကျွန်တော်တို့ စုံစမ်းဆဲဖြစ်တယ်။ အခုထိ သိရတာတော့ လူဟောင်းလည်း မဟုတ်ဘူး"ဟု ပဒိုသောသီဘွဲ့က ဆိုသည်။ ထို့အပြင် ယခုဗုံးပေါက်ကွဲရာ နေရာများသည် KNU တပ်ဖွဲ့ဝင်များ အလွယ်တကူ လွတ်လပ်စွာ သွားလာနိုင်သည့် နေရာများ မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ "ကျွန်တော်တို့က တစ်ချိန်လုံး တွေ့ဆုံ ဆွေးနွေးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရှိဖို့တွေကိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီး မင်းအောင်က "ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေကို ပြုလုပ်ခဲ့တဲ့ သူတွေကတော့ KNU တပ်ဖွဲ့ထဲကလို့ ပြောလို့ရပါပြီ။ သူတို့ဘက်ကတော့ ငြင်းချင် ငြင်းမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ သွားလာလှုပ်ရှားမှုတွေ၊ ဘယ်လို လှုပ်ရှားခဲ့တာတွေ၊ သွားခဲ့တဲ့ လမ်းကြောင်းတွေ၊ ကားနံပါတ်တွေ၊ လူတွေကို ခိုင်လုံတဲ့အထောက်အထားတွေ၊ အပြည့်အစုံရရှိနေပါပြီ" ဟု အောက်တိုဘာ ၁၆ ရက် ည ၉ နာရီတွင် ပြောကြားသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် အဆိုပါ နေတိုးဆိုသူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဗုံးဖောက်ခွဲရာတွင် ယာဉ်မောင်းအဖြစ် လိုက်ပါ ဆောင်ရွက်ပေးခဲ့သူ ဇော်လတ်မောင် အသက် (၄၂)နှစ် ဗမာ၊ ဗုဒ္ဓဘာသာကိုလည်း အောက်တိုဘာ ၁၆ ရက် ညနေ ၅ နာရီခွဲ အချိန်တွင် ဘီလင်းမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှ ကျူးလွန်သူကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ဇေယျာဟိန်း ယာဉ်လိုင်းပေါ်တွင် ဗုံးတွေ့ရှိမှု ဖြစ်စဉ်နှင့် ချမ်းမြေ့တည်းခို ရိပ်သာတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်း ဆိုသူဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။ ဖမ်းဆီးထားသူ စောမြင့်လွင်ကို တွေ့ရစဉ် |
Home »
သတင်း
» ရန်ကုန်မြို့၌ ဗုံးဖောက်ခွဲမှုတွင် ဖမ်းဆီးခံထားရသူ စောမြင့်လွင်က ၎င်းသည် KNU နှင့် ဆက်စပ်ကြောင်း ထွက်ဆိုထား
ရန်ကုန်မြို့၌ ဗုံးဖောက်ခွဲမှုတွင် ဖမ်းဆီးခံထားရသူ စောမြင့်လွင်က ၎င်းသည် KNU နှင့် ဆက်စပ်ကြောင်း ထွက်ဆိုထား
Written By kawknyaw on Thursday, October 17, 2013 | 10/17/2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment